ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးက အလံတိုင်မှာ ၂၀၁၁ ဇူလိုင် ၁၉ ရက် (၆၄ နှစ်မြောက် အာဇာနည်နေ့) က ၂၀၀၈ မြန်မာနိုင်ငံအလံကို တိုင်ထိပ်တွင် လွှင့်ထူထားပါတယ်။ အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အလေးအမြတ်ပြုကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအလံများကို တိုင်တ၀က်တွင် လွှင့်ထူလေ့ရှိပါတယ်။ သို့သော်လည်း အစဉ်အလာကို ဖောက်ဖျက်ပြီး အလံကို တိုင်ထိပ်တွင် လွှင့်ထူထားခြင်းဟာ သက်ဆိုင်သူများအနေနဲ့ အလံကို တိုင်ဝက်တွင် လွှင့်ထူဖို့ မေ့လျော့တာလား၊ ဒါမှမဟုတ် မြန်မာအစိုးရကပဲ တိုင်ဝက်တွင် လွှင့်ထူရန်မလို လို့ အကြောင်းကြားတာလားဆိုပြီး စဉ်းစားစရာတွေ ဖြစ်ကုန်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလို ဖြစ်တာကတော့ မကောင်းပါဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးမထားဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်သွားတတ်တာ ကိုး။
(Burmatoday မှကူးယူဖေါ်ပြပါသည်။)
No comments:
Post a Comment