ရန်ကုန်၊ သြဂုတ် ၉
၈.၈.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း
အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း
ကျော်သဲဦး၊ (၃၇)နှစ်မောင်းနှင်လာသော 6A---- ကင်တာအမျိုးအစား အမှတ်
(၂၃၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် လမ်းလယ်ကျွန်းအမှတ် (၁၀၃)နှင့်
(၁၀၄)ကြားအရောက် လမ်း၏ယာဘက်ယာဉ်ကြောမှ တစ်ဘက်ယာဉ်ကြောသို့
ချိုးကွေ့မောင်းနှင်စဉ် လားရာတူ ၎င်း၏၀ဲဘက်ယာဉ်ကြောမှ လှည်းကူးမြို့နယ်နေ
သီဟန်ကျော်(ခ)သီဟကျော်၊ (၂၆)နှစ် စီးနင်းမောင်းနှင်လာသည့် JLANSHE-125
နီ/နက်ဆိုင်ကယ်အား တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးပြီး သီဟန်ကျော်(ခ)သီဟကျော်တွင် နား၊
နှာခါင်းသွေးထွက် ဒဏ်ရာများ၊ ယာခါး၊ ၀ဲရင်အုံ၊ ယာခြေသလုံးတို့တွင် ပွန်းပဲ့
ဒဏ်ရာများရရှိခဲ့သဖြင့် လှည်းကူးဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့
ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်သဲဦးအား လှည်းကူးမြို့မရဲစခန်း
ယာဉ်(ပ)၆၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf
No comments:
Post a Comment