Wednesday, 2 July 2014

လှည်းကူးနယ်မှာ လျှပ်စစ်ဓာတ်ကြိုးတွေကို ဖြတ်တောက်ခိုးယူသူ (၂)ဦးအားဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်
အထူးဇုံ(၂)၊ စီ(၁၇)လမ်းမပေါ်တွင် လျှပ်စစ်ကြေးနန်းကြိုးဖြတ်တောက်ရာ၌
အသုံးပြုသည့် ကတ်တာနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသော မှော်ဘီမြို့နယ်နေ ၀င်းအောင် (၄၃)နှစ်(ဘ)ဦးတင်ရွှေနှင့် တိုက်ကြီးမြို့နယ်နေ ကိုချစ်(ခ)လှချစ်ဦး (၄၂)နှစ် (ဘ) ဦးခင်ထွန်းတို့အားအခြားလျှပ်စစ်ကြေးနန်းကြိုးခိုးမှုများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့ (၂)ဦးသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်အထူးဇုံ (၂)ဝင်း၊ စီ (၁၆)လမ်းတွင် သွယ်တန်း
ထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အား ဖြတ်တောက်ခိုးယူခဲ့ကြောင်းနှင့် ဇန်န၀ါရီလအတွင်း၌ပင်စီ (၁၀)လမ်းတွင်သွယ်တန်းထားသောလျှပ်စစ်ကြေးနန်း
ကြိုး (၅)ပိဿာခန့်အားဖြတ်တောက်ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်ညောင်နှစ်ပင်
(ဂ)နယ်မြေရဲစခန်း(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူ
ခဲ့ပါသည်။

ထို့အပြင် ၎င်းတို့ (၂)ဦးသည်၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက ညောင်နှစ်ပင်
အထူးဇုံ (၂)၊ စီ (၈)လမ်းတွင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အားလည်းကောင်း၊ စီ (၇)လမ်းတွင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အားလည်းကောင်း၊ စီ (၇)လမ်းအတွင်း၌ပင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၇)ပိဿာခန့်အားလည်းကောင်း အသီးသီးဖြတ်တောက် ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ညောင်နှစ်ပင်
(ဂ)နယ်မြေရဲစခန်း (ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 Ref:ရဲဇာနည်


No comments: