Tuesday, 8 July 2014

ပုညသမ္ဘာရ အသင်း(လှည်းကူးမြို့) မှ နှိုးဆော်ချက်

ဒီတပါတ် စနေနေ့ညမှာ ဆွမ်းစချက်ပါတော့မည်၊ လာနိုင်သူများ နာယကကြီးဦးမျိုးအိမ် သို့ကြွရောက်ပြီးလုပ်အားဒါနများဖြင့်ကုသိုလ်လာယူကြပါ၊ အလှူဒါနများလည်းလာရောက်လှူဒါန်းနိုင်ပါကြောင်းပုညသမ္ဘာရ အသင်း(လှည်းကူးမြို့) မှ အသိပေး နှိုးဆော်ထားပါသည်။

ကရုဏာရှင်အသင်းမှ လှည်းကူးဆေးရုံမှ လူနာတစ်ဦးကို အင်းစိန်ဆေးရုံသို့ပို့ ဆောင်








Monday, 7 July 2014

ယနေ့ (၇ -၇ -၂၀၁၄ )တနလာင်္နေ့၊ နံနက် ၇း ၀၀ ခန့်  က လှ ည်းကူးမြို့ ငါးထပ်ကြီး ဘုရားရှေ့ ကားမှတ်တိုင် အမိုး အောက်တွင် လူတစ်ယောက် သေဆုံးနေမှု့ကြောင့် တာဝန်ရှိသူမှ အပ်နှံရာ ကရုဏာရှင်အသင်းမှ သွားရောက် သယ်ဆောင်

ယနေ့ (၇ ၇ ၂၀၁၄ )တနလာင်္နေ့၊ နံနက် ၇း ၀၀ ခန့်  က လှ ည်းကူးမြို့ ငါးထပ်ကြီး ဘုရား ရှေ့ ရိပ်သာရပ်ကွက် ကားမှတ်တိုင် အမိုး အောက်တွင် လူတစ်ယောက် သေဆုံးနေ၍ ဆေးရုံ မော်ကျူရီ သို့ တာဝန်မှူး ဒုရဲ အုပ် နှင့် အတူ ပို့ဆောင်အပ်နှံမှု့ အား ကူညီ ခဲ့ပါသည် ။ ကွယ်လွန်သူမှာ ဦး အုန်းကြိုင် ဟု့ သိရ ပြီး အအေးမိ ရောဂါ ဖြင့် သေဆုံးကြောင်း ခန့်မှန်း ကြောင်း သိရပါသည် ။






ယနေ့ နံနက် ၁-နာရီတွင် လှည်းကူး၊ အောင်မင်္ဂလာမှ ဗိုက်အောင့်သူလူနာတစ်ယောက်ကို ကရုဏာရှင်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့လိုက်ရ




Wednesday, 2 July 2014

သီလရှင် ဆရာကြီး တစ်ပါးမှ လှ ည်း ကူး မြို့ ကရုဏာ ရှင် လူမှု့ ကူညီ ရေး အသင်း နှင့် လှ ည်းကူး မြို့ ဆေးရုံ သာယာရေး ကော်မတီ သို့ မတည် အလှူ ငွေများ လှူ ဒါန်း

သီလရှင် ဆရာကြီး တစ်ပါးမှ လှ ည်း ကူး မြို့ ကရုဏာ ရှင် လူမှု့ ကူညီ ရေး အသင်း နှင့် လှ ည်းကူး မြို့ ဆေးရုံ သာယာရေး ကော်မတီ သို့ မတည် အလှူ ငွေများ လှူ ဒါန်းကြောင်းသတင်းရရှိပါတယ်။

(၂ ၊ ၇ ၊၂၀၁၄) နေ့ နံက် ၁၀း ၃၀ ခန့် တွင် လှည်းကူးမြို့ ပြည်တော်သာ ရပ်ကွက် ပိတောက်မြိုင် ဓမ္မရိပ်သာ ကျောင်း သီလရှင် ဆရာကြီး ဒေါ်ပညာစာရီ မှ သံဃာတော်များ ထံဝါဆိုသင်္ကန်း ဆက်ကပ် လှူ ဒါန်း ပွဲ တွင် အထက် ဖော်ပြပါ မြို့နယ် အကျိုးပြု့ အသင်း နှစ်ဖွဲ့ အတွက် ကျပ် ၅၀ ၀၀၀ ငါးသောင်း စီ လှူဒါန်း ခဲ့ပါသည် ။ စုစုပေါင်း တစ်သိန်း ကျပ် ဖြစ်ပါသည် ။




လှည်းကူးနယ်မှာ လျှပ်စစ်ဓာတ်ကြိုးတွေကို ဖြတ်တောက်ခိုးယူသူ (၂)ဦးအားဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်
အထူးဇုံ(၂)၊ စီ(၁၇)လမ်းမပေါ်တွင် လျှပ်စစ်ကြေးနန်းကြိုးဖြတ်တောက်ရာ၌
အသုံးပြုသည့် ကတ်တာနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသော မှော်ဘီမြို့နယ်နေ ၀င်းအောင် (၄၃)နှစ်(ဘ)ဦးတင်ရွှေနှင့် တိုက်ကြီးမြို့နယ်နေ ကိုချစ်(ခ)လှချစ်ဦး (၄၂)နှစ် (ဘ) ဦးခင်ထွန်းတို့အားအခြားလျှပ်စစ်ကြေးနန်းကြိုးခိုးမှုများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့ (၂)ဦးသည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလအတွင်းက လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်အထူးဇုံ (၂)ဝင်း၊ စီ (၁၆)လမ်းတွင် သွယ်တန်း
ထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အား ဖြတ်တောက်ခိုးယူခဲ့ကြောင်းနှင့် ဇန်န၀ါရီလအတွင်း၌ပင်စီ (၁၀)လမ်းတွင်သွယ်တန်းထားသောလျှပ်စစ်ကြေးနန်း
ကြိုး (၅)ပိဿာခန့်အားဖြတ်တောက်ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်ညောင်နှစ်ပင်
(ဂ)နယ်မြေရဲစခန်း(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူ
ခဲ့ပါသည်။

ထို့အပြင် ၎င်းတို့ (၂)ဦးသည်၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက ညောင်နှစ်ပင်
အထူးဇုံ (၂)၊ စီ (၈)လမ်းတွင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အားလည်းကောင်း၊ စီ (၇)လမ်းတွင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၆)ပိဿာခန့်အားလည်းကောင်း၊ စီ (၇)လမ်းအတွင်း၌ပင် သွယ်တန်းထားသော လျှပ်စစ်ကြေးနန်းကြိုး (၇)ပိဿာခန့်အားလည်းကောင်း အသီးသီးဖြတ်တောက် ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ညောင်နှစ်ပင်
(ဂ)နယ်မြေရဲစခန်း (ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 Ref:ရဲဇာနည်


Tuesday, 1 July 2014

ရေစင် ၂ လမ်း ပြည်တော်သာ ရပ်ကွက်မှ အရေပေါ် လူနာ အမျိုးသား တစ်ဦး အား ရန်ကုန် ဆေးရုံကြီး အရေးပေါ် ဌာန သို့ ကရုဏာရှင်အသင်းမှ အချိန်မီ ပို့ ဆောင်

၁ ၇ ၂၀၁၄ နံက် ၉း ၀၅ နာရီ တွင် ရေစင် ၂ လမ်း ပြည်တော်သာ ရပ်ကွက်မှ အရေပေါ် လူနာ အမျိုးသား တစ်ဦး အား လှည်းကူးဆေးရုံ သို့ ပို့ လိုက်ရပါသည် ။ ထိုမှ တဆင့် အရေးပေါ် တဆင့် လွှပြောင်း ကုသမှု့ အတွက် ရန်ကုန် ဆေးရုံကြီး အရေးပေါ် ဌာန သို့ အချိန်မီ ပို့ ဆောင် ခဲ့ပါသည် ။ လူနာအမည် မှာ ဦးသိန်းအောင် အသက် ၅၅ နှစ် ဖြစ်ပြီး နှလုံး ရောဂါ ဖြစ် ကြောင်း သိရှိ ရ ပါသည် ။ ကရုဏာရှင် အသင်း အခမဲ့ အရေး ပေါ် လူနာတင် ယာဉ်ဖြင့် ကုသိုလ်ပြု့ ပို့ ဆောင်ပေး နိုင် ခဲ့ ကြောင်း အလှူရှင်များ ကုသိုလ်ပွား သာဓု ခေါ်နိုင် ရန် အသိပေး အပ်ပါသည် ။