Monday, 6 January 2014

လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာ အနီးမှာ တောဆင်ရိုင်းများ ၀င်ရောက်ပြီး ယာခင်းဖြတ်ဆီးနေမှု့အတွက် အကူအညီတောင်းခံခြင်း

လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာ အနီးမှာ တောဆင်ရိုင်းများ ၀င်ရောက်ပြီး ယာခင်းဖြတ်ဆီးနေမှု့ပုံကို  သက်ဆိုင်ရာမှ ဖြေရှင်းပေးဖို့ ဘေ့ဘွတ်သုံးသူ ကိုစိုင်းအောင်မှ အောက်ပါအတိုင်း ရေးသားပြီး အကူအညီတောင်းခံထားပါတယ်။

အပြည့်အစုံမှာ......

5.1.2014 .ရက်နေ့ည 02:00အချိန်ခန့်က လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွှာနောက်ကျော
ဘက်ရှိ ကျွန်တော်မိဘပိုင်လယ်နှင့်ကပ်လယ်များတွင် တောဆင်ရိုင်းသုံးကောင်ခန့် ဝင်ရောက်ပြီးယာခင်း
များဖျက်စီးသွာပါသည်။


မိဘများနေထိုင်ရာတဲအနီးသို့ပင်ရောက်လာပြီး ကံကောင်းထောက်မ၍ လူကိုဒုက္ခ
မပေးခဲ့ခြင်းဖြစ်ပါသည်။သက်ဆိုင်ရာမှဖြေရှင်းပေးစေလိုပါသည်။ ၄င်း အနီးပတ်ဝန်းကျင်တွင်
သားပေါက်နေသည်ဟု သတင်းကြားရပါသည်။


Ref: စိုင်းအောင်

Sunday, 5 January 2014

လှည်းကူးမြို့နယ် ငါးပိတဲ အနီးမှာ ထွက်ပြေးအကျဉ်းသားနှစ်ဦး ကားကြိတ်ပြီး တစ်ဦးသေဆုံး

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်မည့် စာရင်းထဲတွင်ပါရှိသည့် အကျဉ်းသားနှစ်ဦးသည် လှည်းကူးမြို့နယ် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ထွက်ပြေးခဲ့ရာ တစ်ဦးမှာ ကားကြိတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃ ရက် နံနက် ၅ နာရီခန့်က လှည်းကူးမြို့နယ် လှည်းကူး- ဖောင်ကြီးလမ်းအတိုင်း လှည်းကူးမှ ဖောင်ကြီးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် ငပိတဲရွာအရောက်တွင် လမ်းဘေး၌ အိပ်နေသော အဆိုပါထွက်ပြေးလာသူ အမျိုးသားနှစ်ဦးမှ တစ်ဦးအား ကြိတ်မိခဲ့၍ ယင်းအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းမှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသည်ဟုသိရ၍ သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးစဉ် တာဝန်ရှိသူများမှ အနီးရှိ ချုံထဲတွင်အိပ်နေသော မှော်ဘီမြို့နယ် ၄ ရပ်ကွက်နေ ရန်နောင်စိုး ၃၄ နှစ်အား စစ်ဆေးမေးမြန်းရာ သေဆုံးသူမှာ ဒဂုံတောင်မြို့နယ်နေ သန်းဆွေ(ခ)သန်းဝင်း ၄၃ နှစ်ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်တန်းစခန်း(အကျဉ်းဦးစီး)မှ ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုးမှာ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် ထောင်ဒဏ်ငါးနှစ်ကျခံနေရသူဖြစ်ပြီး သန်းဆွေ(ခ)သန်းဝင်းမှာ လောင်းကစား ဥပဒေပုဒ်မ ၁၅-က ဖြင့် ထောင်ဒဏ်တစ်နှစ်နှင့်ခြောက်လ ကျခံနေရသူဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့နှစ်ဦးသည် ဇန်န၀ါရီ ၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှ လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဇန်န၀ါရီ ၂ ရက်တွင် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ ထွက်ပြေးလာပြီး လှည်းကူးမြို့နယ်၊ ငပိတဲကျေးရွာအနီး ကားလမ်းစပ်တွင် သန်းဆွေမှာအိပ်ခဲ့ပြီး ရန်နောင်စိုးမှာ အနီးရှိခြုံထဲတွင် အိပ်နေစဉ် သန်းဆွေ(ခ)သန်းဝင်းမှာ ကားကြိတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား လှည်းကူးမြို့မရဲ စခန်းက ယာဉ်(ပ)၁/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ -က/၂၀၂ ဖြင့်အမှုဖွင့်ကာ ထွက်ပြေးသွားသော ယာဉ်မောင်းအား ဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိပြီး လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ထွက်ပြေးသူ ရန်နောင်စိုးနှင့် သေဆုံးသူ သန်းဆွေ(ခ)သန်းဝင်းအား လှည်းကူးမြို့နယ်၊ ငါးဆူးတောင်ရဲစခန်းတွင် အကျဉ်းဦးစီးဌာနမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၂၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


Ref: Eleven Media

Saturday, 4 January 2014

ဖောင်ကြီးမှာ လွတ်လပ်ရေးနေ့ကျင်းပ၊ လှည်းကူးမြို့ပေါ်မှာပင် မမြင်ရတဲ့ ဗိုလ်ချုပ်ရုပ်တု လွတ်လပ်ရေးကျောက်တိုင်ကို တွေ့နိုင်

၆၆ နှစ်‌‌မြောက်‌လွတ်‌လပ်ေ၇း‌နေ့ကို ဂုဏ်‌ပြု‌သောအားဖြင့်‌ လှည်းကူးမြို့နယ်‌ ‌ဖောင်‌ကြီးအ‌ရှေ့ အလင်း‌ရောင်‌
‌ကျောင်းတိုက်‌အနီး လွတ်‌လပ်‌‌ရေး‌ကျောက်‌တိုင်‌ကွင်းတွင်‌ကျင်းပခဲ့သည်‌။အဆိုပါအခန်းသို့ NLD ရပ်‌‌ကျေးအလုပ်‌မှု‌ဆောင်‌များ၊အရပ်‌ဖက်‌လူ့အဖွဲ့စည်းများ၊ မိခင်‌နှင့်‌က‌လေးအဖွဲ့များ၊ မီးသတ်‌အဖွဲ့များ၊
ရပ်‌ကွက်‌အုပ်‌ချုပ်‌‌ရေးမှူးများတက်‌‌ရောက်‌ အ‌လေးပြုကြသည်‌။‌


မှတ်ချက်။ ။လှည်းကူးမြို.နယ်‌အတွင်းဗိုလ်‌ချုပ်‌ရုပ်‌ထုပါ ‌ကျောက်‌တိုင်‌သည်‌ ‌ဖောင်‌ကြီးအ‌ရှေ့ အလင်း‌ရောင်‌‌ကျောင်းတိုက်‌အနီးတွင်‌တည်‌ရှိ‌သော တစ်‌ခုတည်း‌သော သမိုင်းဝင်‌‌ကျောက်‌တိုင်‌ဖြစ်‌သည်‌။ ၎င်း‌‌ကျောက်‌တိုင်‌သည်‌ ၁၉၄၉ ခုနှစ်‌ အလင်း‌ရောင်‌‌ကျောင်းတိုက်‌ဆရာ‌တော်‌ ဦးကုသလက တည်‌‌ဆောက်‌ထားပြီး၊ ‌ကျောင်‌ထိုင်‌ဆရာ‌တော်‌အစဉ်‌အဆက်‌ ထိန်းသိမ်းထားခဲ့သည်‌။ 







Ref: U Nyo Tun

လှည်းကူးမြို့နယ်မှာ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများမဖြစ်ပွားစေရေး ဟောပြောဆွေးနွေးဆန္ဒဖေါ်ထုတ်

၂၄.၁၂.၂၀၁၃ရက်နေ့ ၁၇၂၀အချိန် လှည်းကူးမြို့နယ်၊ပြည်တော်သာရပ်ကွက်ရှိ ဓမ္မာရုံ၌ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများပပျောက်စေရန်ရည်ရွယ်၍ တရားဝင်ခွင့်ပြုချက်ဖြင့်
ပြည်တော်သာရပ်ကွက်နေ ဦးထွန်းထွန်းဦးမှ ဦးဆောင်ကာပြည်သူ(၃၀)ဦးခန့်မှ ငြိမ်းချမ်းစွာစုဝေးဆန္ဒဖေါ်ထုတ်ခဲ့ရာဦးထွန်းထွန်းဦးမှ မုဒိမ်းမှုများမဖြစ်ပွားစေရေးအတွက်
ဆောင်ရွက်သင့်သည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး ဆန္ဒဖော်ထုတ်သူပြည်သူများမှ သတ်မှတ်ဆိုင်းဘုတ်နှင့်ကြွေးကြော်သံများ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကာ ၁၈၀၀အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။



Ref: Yangon Police

လှည်းကူးအမတ် ဦးဖြိုးမင်းသိန်း-ရဲ့ သိန်း(၁)ထောင်သုံးစွဲခွင့်အပေါ် အမြင်





Ref: မြန်မာသံတော်ဆင့်

Tuesday, 31 December 2013

လှည်းကူးနယ်မှာ နောက်ထပ် လူသတ်မှု့ ဖြစ်ပြန်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၃၀.၁၂.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် လှည်းကူးမြို့နယ်၊
ဖောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဂုံမင်းလျှိုကျေးရွာအပိုင်၊ သစ်နီပင်တောစခန်း
အနီးရှိ ၀ါးတစ်လက်ချောင်းစပ်တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သစ်နီပင်တောစခန်းနေ ကရင်(ခ)မြင့်ဇော်၊ (၅၁)နှစ်၊(ဘ)ဦးအေးမောင်မှာ ယာဂုတ်ပိုးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကို
စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ၃၀.၁၂.၂၀၁၃ရက်နေ့
၁၈၃၀ အချိန်ခန့်တွင် သေဆုံးသူ ကရင်(ခ)မြင့်ဇော်သည် အရက်မူးပြီး ချောင်းအတွင်းရေချိုးနေသော ဇနီးဖြစ်သူမသန်းသန်းမြင့်အား ဆဲဆိုကြိမ်းမောင်းကာ တောခုတ်ဓါးဖြင့်လိုက်လံခုတ်စဉ် ဇနီးဖြစ်သူ မသန်းသန်းမြင့်မှာ သားဖြစ်သူအောင်ဆန်းဦး(သေဆုံးသူ၏မယားပါသား) ထံထွက်ပြေးသွားခဲ့ကြောင်း၊ ပထွေးဖြစ်သည့် သေဆုံးသူမှ
အောင်ဆန်းဦးအား မိခင်ဖြစ်သူမသန်းသန်းမြင့်နှင့် ပေးစားဆဲဆိုခြင်းများ
ပြုလုပ်ခဲ့၍ အောင်ဆန်းဦးနှင့်ထပ်မံစကားများကြကာ လုံးထွေးသတ်ပုတ်
ခဲ့ကြကြောင်း၊ ထိုသို့အခင်းဖြစ်ပွါးစဉ်သေဆုံးသူကိုင်ဆောင်ထားသော
ဓါးအား အောင်ဆန်းဦးမှလုယူပြီး ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အောင်ဆန်းဦးအား ဖောင်ကြီးနယ်မြေရဲစခန်း (ပ)၁၃၃/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police