Tuesday, 30 July 2013

ရဲကို ဓါးဖြင့် ထိုးတဲ့ လှေလှော်အင်းသား (လှည်းကူး)

ရန်ကုန်၊ ဇူလိုင် ၂၉

၂၆.၇.၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် ငါးဆူတောင်နယ်မြေ
ရဲစခန်းမှ ရဲတပ်သား မြင့်သိန်းထွန်းသည် လှေလှော်အင်းကျေးရွာနေ
၎င်း၏မိဘများနေမကောင်းသဖြင့်သွားရောက်ကြည့်ရှုစဉ် လှေလှော်
အင်းကျေးရွာ ရွာလယ်လမ်း၌ ယခင်ကကြက်ခိုး၍ညောင်တုန်းရဲကင်းမှူး
ထံတိုင်ကြားခဲ့သည့်ကိစ္စဖြင့်စကားများခဲ့ဖူးသူ အောင်စိုး၊(ဘ)ဦးကြည်လွင်၊
လှေလှော်အင်းကျေးရွာ၊ လှည်းကူးမြို့နယ် နေသူနှင့်တွေ့ဆုံစဉ် ၎င်းမှ
ရဲတပ်သားမြင့်သိန်းထွန်းအား ဓါးဖြင့်ထိုးသဖြင့် ၀ဲဘက်ဝမ်းဗိုက် ထိုးသွင်း
ဒဏ်ရာ၊၀ဲဘက်နံစောင်းပြတ်ရှဒဏ်ရာတို့ရရှိကာလှည်းကူး ဆေးရုံသို့
တင်ပို့ကုသခဲ့ရသဖြင့် အောင်စိုးအား ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၅/၂၀၁၃၊ ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့်အရေးယူကာဖမ်းဆီးရမိရေးဆောင်
ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် ငါးဆူ
တောင်ရဲစခန်းမှတပ်ဖွဲ့ဝင်များမှ တရားခံအောင်စိုးအား ၂၇.၇.၂၀၁၃
ရက်နေ့တွင် လှည်းကူးမြို့နယ်၊ လှေလှော်အင်းကျေးရွာရှိ သီဟိုဋ်ခြံ
အတွင်း၌ တိမ်းရှောင်ခိုအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံအောင်စိုးအား ဖမ်းဆီးရမိစဉ်၎င်းထံမှ အရိုးအသွား (၁၀)လက်မ
ခန့်ရှိ ဓါးဦးချွန်တစ်ချောင်း အားကိုင်ဆောင်ထားလျှက်ဖမ်းဆီးရမိခဲ့သဖြင့်
ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၆/၂၀၁၃၊ လက်နက် ပုဒ်မ၁၉(င)ဖြင့်
ထပ်မံအရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

  Ref:yangonpolice

လှည်းကူးမြို့နယ် အင်ကြင်းကွင်းရွာမှ ဓါတ်လိုက်သေဆုံးမှု့

ရန်ကုန်၊ ဇူလိုင် ၃၀


၂၉.၇.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးဆေးရုံတွင် လူတစ်ဦးဓါတ်လိုက်၍
သေဆုံးရောက်ရှိလာကြောင်း သတင်းအရသွားရောက်စစ် ဆေးရာ
သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ အင်းကြင်းကွင်းရွာနေ ရန်ရှင်း၊ (ဘ)ဦးသောင်းငွေ ဖြစ်ပြီး ကျောပြင်စုတ်ပြဲ၊ ယာခြေဖ၀ါးညိုမဲ၊ ယာလက်ဖျံစုတ်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။


၎င်းသည် ၁၄၀၀ အချိန်တွင် အင်ကြင်းကွင်းရွာလမ်းလယ်တွင်ရှိနေစဉ် ခန္ဒာကိုယ်ပေါ်သို့ လမ်းမီး ဓါတ်ကြိုးပြုတ်ကျ၍ ကြိုးအားတက်နင်းမိကာ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် လှည်းကူးမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၅/၂၀၁၃) ဖြင့် ရေးဖွင့်ကာစစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Ref: yangonpolice

Thursday, 25 July 2013

လုံလောက်တဲ့ ကားပါကင်မရှိမှုကြောင့် လှသောင်းကျောင်းရှေ့ တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်

ရန်ကုန်မြို့ ရှိ နာမည်ကြီးကျောင်းများမှ တစ်ကျောင်းအပါအ၀င်ဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်ရှိ အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် ယာဉ်ရပ်နားစရာ ကားပါကင်မလုံလောက်တဲ့အတွက် ကျောင်းတက်ချိန်မနက်ပိုင်းနှင့် ကျောင်းဆင်းချိန် ညနေပိုင်းအချိန်များမှာ ကျောင်းရှေ့တွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်နေတယ်လို့ သိရပါသည်။

ယင်းကိစ္စ နှင့်ပတ်သက်ပြီး တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးကို မေးမြန်းရာ “ ကျောင်းလာပို့ တဲ့ ကားတွေက ရပ်နားစရာ နေရာမရှိ တဲ့ အတွက် ကျောင်းရှေ့ ကားလမ်းမပေါ်မှာ ရပ်နားရပါတယ်။ တစ်စီး၊နှစ်စီး ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ။ အခုဟာကားတွေအများကြီးဆိုတော့ လမ်းပေါ်မှာ နှစ်ထပ်၊သုံးထပ်တွေ ဖြစ်ကုန်တာပေါ့” ဟုပြောသည်။


အဆိုပါ ကျောင်းရှေ့ကဖြတ်ပြီး မနက်တိုင်းရုံးသွားလေ့ ရှိတဲ့ ၀န်ထမ်းတစ်ဦးက “ကျွန်တော် မနက်တိုင်း ဒီကျောင်းရှေ့က ဖြတ်ပြီးကားစီးရပါတယ်။ ခါတိုင်း ဒီလိုကားပိတ်တာ မမြင်ဖူးပါဘူး။ မြို့ထဲကျမှ ကားပိတ်တာ အခုတော့ ဒီက စပြီး ကားပိတ်တော့ အလုပ်ချိန်ပါ နောက်ကျ တယ်” လို့ ပြောပါသည်။
“ကျွန်တော်တို့က ကျောင်းပို့ရုံတင်မဟုတ်ဘူး၊ ကျောင်းမဆင်းမချင်း ထိုင်စောင့်နေရတာ၊တစ်ချို့ဆိုမိဘတွေပါလိုက်လာပြီးစောင့်နေကြတာ”လို့ ကျောင်းကြိုပို့ ဖယ်ရီကားမောင်းသူ တစ်ဦးကပြောပါသည်။


အောင်ဆန်းသူရိယ လှသောင်းကျောင်းအပါအ၀င် ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများဖြစ်သောဒဂုံ(၁)၊ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး(TTC)စတဲ့ ကျောင်းများမှာလည်း ကျောင်းတက်၊ကျောင်းဆင်းချိန်များမှာ ယာဉ်ကြောပိတ်ဆို့မှု များဖြစ်နေ ကြောင်း သိရသည်။ 


အောင်ဆန်းသူရိယ လှသောင်းကျောင်းမှာ မင်္ဂလာဒုံ မြို့နယ် ခရေပင်လမ်းဆုံ အနီးတွင် တည်ရှိပြီး မှော်ဘီ၊တိုက်ကြီး ၊လှည်းကူး နှင့် ၀ါယာလက်ရှိ လူများကရန်ကုန်မြို့ထဲသို့သွားရောက်အလုပ်လုပ်ကိုင်ကြပြီးအဆိုပါကျောင်းရှေ့မှ ဖြတ်သန်းသွားလာရကာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူအများဒုက္ခ ရောက်နေကြောင်း သိရသည်။


Ref: Zayar Maw

Wednesday, 24 July 2013

လှည်းကူးမြို့နယ်၊ ကျွဲတည်းကျေးရွာကို ပြောင်းရွှေ့ဖို့ စစ်တပ်အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ ကျွဲတည်းကျေးရွာကို မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့ စစ်တပ်က အမိန့်စာတွေ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အမိန့်ထုတ်ပြန်ခဲ့ပေမဲ့ ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြောင်း ရွာသားတစ်ဦးဖြစ်တဲ့ ကိုထွန်းမင်းက RFA ကို အခုလိုပြောပါတယ်။

"၆ လပိုင်း၂၂ ရက်နေ့မှလာပြီးတော့ မှတ်တိုင်လာစိုက်တယ်လေ၊ တပ်ပိုင်မြေ မကျူးကျော်ရဆိုပြီး၊ ဒီလ ၂၁ ရက်နေ့ အပြီးပြောင်းရမယ်လို့ပြောတယ်လေ၊ အဲတော့ NLD အဖွဲ့တွေရောက်လာပြီး အမှားအမှန်ကို လာဝေဖန်သုံးသပ်ပေးတယ်လေ၊ အခုတော့ စစ်တပ်ဘက်က ဘာမှတုန့်ပြန်မှုတော့ မရှိပါဘူးခင်ဗျ၊ ငြိမ်နေတယ်"

လှည်းကူးမြို့နယ်အခြေစိုက် အမှတ် (၂) တပ်မတော်အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း၊ ခြေလျှင်အကူပစ် လက်နက်ကြီးသင်တန်းကျောင်း၊ တပ်မတော်ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ သင်တန်းကျောင်းစတဲ့ တပ် (၃) တပ်က အဲဒီကျွဲတည်းရွာဟာ တပ်ပိုင်မြေတွေထဲမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး ပြောင်းရွှေ့ခိုင်းနေတာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် စာဘူးတောင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သက်ဆိုင်ရာ အဆင့်ဆင့်ထံ တင်ပြအကူအညီတောင်းခံသွားမယ်လို့ ပြောပါတယ်။

RFA Burmese

Monday, 22 July 2013

သြစတေးလျနိုင်ငံမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

(၂၀၊ ၀၇၊ ၂၀၁၃)

သြစတေးလျနိုင်ငံ၊ဆစ်ဒနြီိမို့၊ Oxley Park ရှိ အသောက မြန်မာဘုန်းတော်ကြီးကျောင်းမှာ  ပဉ္စမအကြိမ်-၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်း ပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို အသောက မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော် ဒေါက်တာဦးဓမ္မာစာရ အမှူးရှိသော သံဃာတော်များ ကြွရောက်ပြီး အလှူရှင်များက ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်။ ဤဓါတ်ပုံများကို ဓါတ်ပုံပညာရှင် ဦးဝီလျံဝေါင်း မှ ပေးပို့ပါသည်။



Sunday, 21 July 2013

လှည်းကူးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၁

၂၀.၇.၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် လှည်းကူးမြို့နယ်၊
ရန်ကုန်-ပဲခူးလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော
၈င/---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။

ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ´´၀င်းမေဘယ်``
အထည်ချုပ်စက်ရုံ လုပ်သားများ အနက် ကိုသန့်ဇင်ဦး (၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရဲမွန်ရွာ နေသူမှာ ဦးခေါင်းခွံကွဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ်လုပ်သား
(၁၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ
အဖြစ်လည်းကောင်း၊ (၁၀)ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံတွင်
ပြင်ပလူနာ များ အဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယာဉ်မောင်း အောင်ကိုလတ်မှာ အခင်းဖြစ်နေရာတွင်
ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွား သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ၎င်းအားလည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇/၂၀၂ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်