Thursday, 20 October 2011

စတိုင်တစ်မျိုးပေါ့


ကိုမိုးသီးဇွန်ဘလော့မှ ကူးယူဖေါ်ပြပါသည်။

Monday, 17 October 2011

အလောင်းမင်းတရား ဦးအောင်ဇေယျပုံစံဖြင့် လာရောက်အားပေးသူ




ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော BIDC ဖိတ်ခေါ် ဖလားပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် မြန်မာလူငယ်အသင်းက ထိုင်းလူငယ်အသင်းကို ၂ – ၁ ဖြင့် အနိုင်ရရှိက ချန်ပယံ ဆုဖုလားနှင့် ငွေသား 20000 US$ ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သည့်အလျောက် ပွဲကျင်းပရာ Olympic Stadium ကွင်းအတွင်းသို့ မြန်မာ ပရိတ်သတ်များ နေ့လည် ၂ နာရီ ထိုးမှ စတင် ၀င်ရောက်လာရာ ပွဲစခါနီး အချိန်တွင် ယောက်၂၀၀ နီးပါးရောက်ရှိပြီး၊ နိုင်ငံတော်သီချင်း၊ မြန်မာ့အားကစား ကမာကိုလွှမ်းစေရမည်၊ ရဲရဲတောက် သီချင်းများ သံပြိုင်သီဆို အားပေးကြပါသည်။ ပရိတ်သတ်များထဲတွင် ထူးထူးခြားခြား အလောင်းမင်းတရား ဦးအောင်ဇေယျပုံစံဖြင့် လာရောက်အားပေးသော ပရိတ်သတ်ကိုလည်းတွေ့ရပါသည်။

http://mandalaygazette.com/73835/uncategorized-other/copypaste ကူးယူဖေါ်ပြပါသည်။

Friday, 14 October 2011

အမေး ပီအိပ်(ခ်ျ)ဒီ ကျောင်းသူ၊ အဖြေ လီကွမ်ယု

အင်တာနက်ကျေးဇူးကြောင့် စင်ကာပူသတင်းတစ်ပုဒ် ဖတ်ခွင့်ကြုံလိုက်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ပါရဂူဘွဲ့သင်တန်းတက်နေတဲ့ ဇီဝသိပ္ပံကျောင်းသူလေးတစ်ယောက်က စင်ကာပူရဲ့ ၀ါရင့်ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကို ကျောင်းသား ၁၇၀၀ ရဲ့ရှေ့မှာ မေးခွန်းတစ်ခု မေးချလိုက်ပါတယ်။ အချိန်တိုအတွင်းမှာ တခြားနိုင်ငံက ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေ အောတိုက်နေတာမို့ စင်ကာပူနိုင်ငံသူ၊ နိုင်ငံသားတွေမှာ အမျိုးသားရေးစိတ်တွေ ပျက်ယွင်းနေကြပြီ။ ဒါ့ကြောင့် သည်နိုင်ငံဟာ သူတို့မိခင်နိုင်ငံဆိုတဲ့ ခံစားချက်တွေပြန်ရလာအောင် လူမှုရေးအရ စည်းလုံးညီညွတ်မှုရှိလာအောင် ကျွန်မတို့တွေ ဘယ်လိုလုပ်ကြရင်ကောင်းမတုံးလို့ ကလေးမလေးက သူ့ထက်အသက် ၆၀ တိတိကြီးတဲ့ လီကွမ်ယုကို မေးလိုက်တာပါ။

ဆရာ နန္ဒာသိန်းဇံဆီသို့

ဆရာ . . .

၁၃-၉-၂၀၁၁ နေ့က ဆရာကွယ်လွန်ခြင်း တစ်လပြည့်အခမ်း အနားကို ကမ္ဘာအေးက နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။ မဟာသဒ္ဓမ္မ ဇောတိကဓဇ ပါမောက္ခ ဒေါက်တာသိန်းဇံ (နန္ဒာသိန်းဇံ) ဆိုတဲ့ ကတ္တီပါနဖူးစီးနဲ့ အလွန်ခမ်းနားလှပါတယ်ဆရာ။ ခန်းမကြီးထဲက ဗုဒ္ဓဆင်းတုတော်ရဲ့မုဒြာက ဓမ္မစကြာမုဒြာပါ ဆရာ။ ဗုဒ္ဓဟောကြားခဲ့တဲ့ သုတ္တန် တရားတော်တွေထဲမှာ အနှစ်သက်ဆုံးသုတ္တန် တစ်ခုကိုပြောပါဆိုရင် ဘယ်သုတ္တန်ကိုပြောမလဲ ဆရာလိုမေးတော့ ဆရာက ဓမ္မစကြာလို့  ပြောခဲ့ဖူးတာ သတိရမိပါတယ်။ ဆရာရဲ့ အလွန်အောင်မြင် ကျော်ကြားတဲ့ ပထမ လက်ရာဖြစ်တဲ့ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာစာအုပ်ဟာ ဓမ္မစကြာတရားကို အခြေခံပြီးပြုစုထားတဲ့ ဒဿနိက ဗေဒမဟာဝိဇ္ဇာဘွဲ့ကျမ်းပဲလေ။