Tuesday, 27 September 2011

မြန်မာ့ပညာရေး ကလိမ်ကကျစ်များ

(မောက္ခပညာရေး မဂ္ဂဇင်းမှ ကူးယူသည်။)

မြန်မာစကားမှာ ကလိမ်ကျတာကို ''မဖြစ်နိုင်သည်ကို လိမ်လည် လှည့်ဖြား ချဲ့ထွင်ပြောဆိုသည်'' လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အင်္ဂလိပ်မှာကတော့ လိမ်တာကို "Fraud" လို့ပြောတယ်။ Fraud ကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ရင်

" Crime of cheating somebody: the crime of obtaining money or some other benefit by deliberate deception" လို့ဆိုထားပါတယ်။မကောင်းတဲ့စိတ်နဲ့ တစ်စုံတစ်ယောက် အကျိုးပျက်အောင် လုပ်တဲ့အလုပ်တွေကို ကလိမ်ကျတယ်လို့ ပြောတယ်

Letter from Burma: Holiday 3 (By Aung San Suu Kyi)

The third temple where we went to worship in Pagan was That-byin-nyu. The highest of the ancient religious monuments, it is also one of the most beautiful, with its harmonious proportions and tiered terraces.

Until the 1990s, visitors were allowed to climb up to the terraces and look down on the serenity of Pagan as it spread out in inimitable stillness. It was a perfect spot for "I've been there" photographs, and I have several of my young self sitting on one of the terraces with a cousin and an uncle, all of us looking very pleased with ourselves and with life in general.

Sunday, 25 September 2011

Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်

အားလုံး မင်္ဂလာပါခင်ဗျာ။ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုရဲ့ သင်္ကေတ၊ ဧရာဝတီမြစ်ဆုံဟာ ပြည်ထောင်စုရဲ့ အစပဲဖြစ်ပါတယ်။ ဧရာဝတီကို ချစ်မြတ်နိုးခြင်းဟာ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဟာ နိုင်ငံကိုချစ်မြတ်နိုးခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ပြည်ထောင်စုကို ချစ်မြတ်နိုးသူတွေ၊ ဧရာဝတီကို ချစ်မြတ်နိုးသူတွေလို့ ယူဆပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပြည်တွင်းမှာရှိတဲ့ အလွှာအသီးသီး၊ နေရာဒေသအသီးသီး၊ ဌာနအသီးသီး၊ နေရာဒေသအရပ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးအပါအ၀င် နိုင်ငံတကာမှာရှိနေကြတဲ့ မြန်မာစိတ်ရှိတဲ့ မြန်မာအားလုံးရဲ့ ဧရာဝတီချစ်စိတ်ကို ကျွန်တော်မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ကျွန်တော်တို့နိုင်ငံဟာ အရေးကြုံတဲ့အချိန်မှာ ညီညွတ်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ရတာကို အများကြီးဂုဏ်ယူမိကြောင်း ပဏာမပြောကြားလိုပါတယ်။

Friday, 23 September 2011

ကမ္ဘောဒီးယားတွင် တွေ့ရှိခဲ့သော မြန်မာစေတီတစ်ဆူနှင့် ကွင်းဆက် ပျောက်ဆုံးနေသော မျိုးနွယ်စုတစ်ခု

(First Eleven Media website မှ ကူးယူပါသည်။)

၂၀၁၀ပြည့်နှစ် ဇွန်လ။ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော ဦးပြုံးမောင်မောင်နှင့် အဖွဲ့က မြန်မာလူမျိုး တစ်ဦးမျှမရှိသော အရပ်ဒေသ၌ မြန်မာစေတီတစ်ဆူကို တွေ့ ရှိခဲ့ကြပါသည်။ ထိုဒေသမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားရောက်ပါက အချိန်လေးနာရီ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမှ သွားရောက်ပါက အချိန်ခြောက်နာရီ ကြာမြင့်မည်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းဒေသ အနီး၌ ဖြစ်ပါသည်။

အောင်စူဠာမဏိစေတီ

စေတီ၏ ဘွဲ့အမည်မှာ အောင်စူဠာမဏိ(Aung Sular Mani Stupa) ဖြစ်ပါသည်။ ကမ္ဘောဒီးယား လူမျိုးများက အောင်ချူဠာမဏိဟု ခေါ်ဆိုကြပါသည်။ အမြင့်ပေ ၁၀၀ ခန့်ရှိသော ကုန်းတော်ထက်တွင် စေတီ ကိုတည်ထားပြီး ဥာဏ်တော်အမြင့် မှာ ပေခြောက်ဆယ်ခန့် ရှိပါသည်။