နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်မှုကဏ္ဍမှ စက်မှုကဏ္ဍသို့ အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ အသွင်ကူးပြောင်း ဆောင်ရွက်ရန် အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံး လိုအပ်ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် လျှပ်စစ်ကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာစေရေး ရည်ရွယ်လျက် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍကို ဖော်ဆောင်နိုင်မည့် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး စီမံကိန်းများကို စနစ်တကျ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ယနေ့ မြန်မာနိုင်ငံ၏ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မည် ဆိုလျှင် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံသစ်များနှင့် နိုင်ငံပိုင်စက်ရုံကြီးများ တိုးတက် ဖြစ်ထွန်းလာပြီး စက်မှုကဏ္ဍများ တိုးတက်မှု အရှိန်အဟုန် မြင့်မားလျက် ရှိသည်။
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Saturday, 13 August 2011
သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်
သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။
နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။

Thursday, 11 August 2011
ဘာသာစကားမှသည် ဘာသာတရားဆီသို့
လင်းဝံသ
“ဘာသာ”ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် အကြမ်းဖျင်းအားဖြင့် ဒီလိုတွေ့ရမှာပါ။
၁။ ယုံကြည်ကိုးကွယ်သည့်အရာ
၂။ ပြောဆိုသုံးစွဲသောစကား
၃။ အကြောင်းအရာတခု
ဥပမာအားဖြင့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ။ ဗမာစကား၊ အင်္ဂလိပ်စကား။ သင်္ချာဘာသာ၊ ရူပဗေဒဘာသာ။ ဒါဟာ အကျဉ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး ဥပမာပေးကြည့်တာပါ။ ဒီ့ထက်မက ကျယ်ပြန့်နက် ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ဥပမာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

Wednesday, 10 August 2011
စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သဖြင့် လယ်သမားများ ဖမ်းဆီးခံရ
အံ့ဘုန်းမြတ်
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်သမားတွေ ဦးပိုင်ကုမ္ပဏီလီမိတက်က ထုတ်ချေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် ရာနဲ့ချီပြီး ဖမ်းဆီးခံနေရကြရပါတယ်။

Friday, 5 August 2011
ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ
သန်းဝင်းလှိုင်
သြဂုတ် ၅၊ ၂၀၁၁
၁၉၄၂၊ စက်တင်ဘာလ ၆၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ်) အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။
စက်တင်ဘာလ ၇၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club (မင်တိုမစ်ရှင်ဟိုတယ်)၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇနှင့် ဇနီး ဒေါ်ခင်ကြည်တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။

Monday, 1 August 2011
အဘိဓာန်တွေ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပြီလား
ကမ္ဘာ့ အမြင့်ဆုံး ဆေးခြောက်ပင်များဟု ယူဆရသည့် အမြင့် ပေ ၈၀၀ ရှိသော ဆေးခြောက်ပင်များကို မက္ကစီကိုနိုင်ငံအတွင်း မြန်မာဂျာနယ်လစ်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်တစ်ခုက ရေးသားသည်။
(မူရင်း ရေးသားချက် အမှန်)
(ဂျာနယ်တစ်ခုတွင် ဖေါ်ပြပုံ)
အဆိုပါ ဆေးခြောက်ပင်များမှာ ခရမ်းချဉ်သီးပင်များ အကြားတွင် စိုက်ပျိုးထားခြင်း ဖြစ်သော်လည်း မြန်မာဂျာနယ်လစ်များ မက္ကစီကိုနိုင်ငံသို့ သွားရောက် ကြည့်ရှု သည့်အခါ ခရမ်းချဉ်သီးမဟုတ်ဘဲ အာလူးများကိုသာ တွေ့ရှိခဲ့ကြသည် ဆို၏။
မြန်မာဂျာနယ်လစ်များက သူတို့ တွေ့ရှိသော Tomato (ခရမ်းချဉ်သီး) ကို "အာလူး" ဟု အထက်ပါ သတင်းတွင် မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မှတ်သားလိုက်သဖြင့် အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုရေး အဖွဲ့ဝင်များ အလုပ်ရှုတ်သွားကြသည်။ ဂျာနယ်လစ်များ အလိုအရ Tomato မှာ အာလူး ဖြစ်သွားသဖြင့် Potato ကို အဓိပ္ပါယ် ဖွင့်ဆိုရန် အခက်အခဲ ဖြစ်သွားကြောင်း အဘိဓာန် ပညာရှင်များက ပြောကြားသည်။
မည်သို့ပင် ဖြစ်စေ- ကြီးမားလှသည့် ဧရာမ ဆေးခြောက်ပင်ကြီးများကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့သည့် အဆိုပါ မြန်မာဂျာနယ်လစ်များအား မက္ကစီကိုနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ အထူး ဂုဏ်ပြုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
From Burma Strange News

Subscribe to:
Posts (Atom)