Thursday, 31 October 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ (မဲလ်ဘန်းမြို့ ) တွေ့ ဆုံပွဲ


သြစတြေးလျနိုင်ငံ ၀န်ကြီးချူပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မဲလ်ဘန်းမြို့ တော်ဝန်ရုံးမှ ဆက်သွယ်လာမှုအရ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ (မဲလ်ဘန်းမြို့ ) တွေ့ ဆုံပွဲအား ဒီဇင်ဘာလ (၁) ရက်နေ့ ၊ ၂၀၁၃ ခုနှစ် နံနက် (၉း၃၀) နာရီမှ (၁၀း၃၀) နာရီထိ ကျင်းပမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” ဆက်သွယ်ရန် - welcome.daw.aung.san.suu.kyi@gmail.com အသေးစိတ်ကို အောက်ပါ အင်တာနက်စာမျက်နှာမှာ ကြည့်ရှု့နိုင်ပါတယ်။ - http://www.welcome-dassk-to-melbourne.blogspot.com/

 
ဆစ်ဒနီမြို့တွေ့ဆုံပွဲကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
http://www.welcome-dassk-to-melbourne.blogspot.com/

Monday, 28 October 2013

အဝေးကနေ လှူခွင့်ရခဲ့တဲ့ ဇာတိရွာက အလှူလေးပါ

ကျွန်ုပ်ရဲ့ ဇာတိရွာကတော့ အများသိကြတဲ့အတိုင်း ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာပဲ ဖြစ်ပါတယ်။

ရွာသားတစ်ယောက် အနေနဲ့ အဝေးရောက်နေပေမယ့် ဇာတိရွာကို ကျေးဇူးပြုတဲ့ အနေနဲ့ အောက်ပါအလှူလေးတွေကို တတ်နိုင်သမျှ လှူဒါန်းနိုင်ခဲ့ပါတယ်။စုစုပေါင်းအလှူငွေ-၃,၃၆၃,၀၀၀ ကျပ် (သုံးဆယ့်သုံးသိန်း၊ ခြောက်သောင်း၊ သုံးထောင်ကျပ်တိတိ ဖြစ်ပါတယ်။

၁။ မိမိရေးထားတဲ့ စာအုပ်ငယ်ကို ရောင်းရငွေ = တစ်ဆယ့်ရှစ်သိန်း၊

(မှတ်ချက်။ ။ယင်းငွေကို ပိုက်ကြီးဝဲ အရှေ့ကျောင်းဆရာတော်၏ ကျန်းမာရေးအတွက် ဆေးပဒေသာပင်အဖြစ် လှူဒါန်းခဲ့ပါတယ်။ စာအုပ်တွေ ကုန်ပြီးလား ကျန်သေးသလားတော့ မသိပါ။)

၂။ ပိုက်ကြီးဝဲ ဆရာတော်အတွက် သီးသန့်သုံးရန် အလှူငွေ= ငါးသိန်း၊

၃။ ပိုက်ကြီးဝဲ ဆရာတော်အတွက် မိုက်ခရိုဝေ့တစ်လုံး= ရှစ်သောင်း ငါးထောင် ကျပ်၊

၎။ ပိုက်ကြီးဝဲ အခြေခံပညာ မူလတန်းလွန်ကျောင်း အတွက် ဗီရိုတစ်လုံး= တစ်သိန်း

၅။ ပိုက်ကြီးဝဲ အခြေခံပညာ မူလတန်းလွန်ကျောင်း အတွက်ရေပူရေအေးစက်+ဆေ့ဂတ်= တစ်သိန်း သုံးသောင်းကျပ်၊

၆။ လှည်းကူးသမိုင်းဖေါ်ထုတ်ရေးအတွက် လိုအပ်ရာရာသုံးနိုင်ရန် အလှူငွေ= လေးသိန်း ခြောက်သောင်းကျပ်။

ရ။ ဇီးပင်ဝဲအရှေ့ကျောင်းဈာပနအတွက် အလှူငွေ- နှစ်သိန်းကျပ်၊

၈။BEHS Future Gold Foundation (လှည်းကူး) သို့ အလှူငွေ= ရှစ်သောင်းရှစ်ထောင်ကျပ် တို့ဖြစ်ပါတယ်။


သာဓုခေါ်ဆိုနိုင်ရန် တင်ပြခြင်း ဖြစ်ပါတယ်။

အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)
မောင်နေခြည် (လှည်းကူး)






တောကဟာသများ-အပိုင်း-၂၁ (သို့) ရှာပါဦးဟ



အပိုင်း-၂၀ တုံးက ဆရာကြည်လေးအကြောင်းကို ပြောခဲ့ပါတယ်။ အခုလဲ ဆရာကြည်လေးနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ပုဒ်ကို ဆက်ပြောပြီး ပြောချင်ပါတယ်။

ကွန်ထိုးခြင်း၊ အရက်ရောင်းခြင်းစတဲ့ အလုပ်တွေကို မလုပ်တော့ဘဲ ရွှေရင်ကျော်ဂိုဏ်ကို ၀င်ပြီး ဗေဒင်ဟောပြီး အသက်မွေးဝမ်းကြောင်းပြုပါတယ်။ ယခုအချိန်ထိပေါ့။ လှည်းကူးနယ်တစ်ခွင်က ဆရာဦးကြည်လေး ဟုလည်းကောင်း၊ မြေမနင်းဆရာဟုလည်းကောင်း ခေါ်ကြပါတယ်။ 

ဆရာဦးကြည်လေးက ဗေဒင်ကို အိမ်မှာလဲ ဟောတယ်။ အခြားအိမ်က ပင့်ရင်လဲ အဲဒီအိမ်ကို သွားရောက်ပြီး ဗေဒင်ဟောပါတယ်။ သူ့ရဲ့ ဆိုက်ကားဒရိုင်ဘာက သူ့ရဲ့ယောက်ဖ ဖြစ်သူပါ။ ဆိုက်ကားလဲ နင်းရတယ်။ ပြီးတော့ သူ့ကို အတင်အချလဲ လုပ်ရပါတယ်။ ဘယ်သွားသွား ဒီဆိုက်ကားနဲ့ပါပဲ။ 

ဒီလိုနဲ့ တစ်နေ့သား လှည်းကူးက အိမ်တစ်က ပင့်လို့ ကြွသွားပါတယ်။ အဲဒီအိမ်က ပိုက်ကြီးဝဲမူလတန်းဆရာမ ဒေါ်စန်းစန်းမြင့်-ရဲ့ အိမ်ပါ။ ဗေဒင်ကိစ္စစသော အလုပ်တွေပြီးသွားတော့ ပြန်ဖို့ ပြင်ပါတယ်။ ပြီးတော့ ဆရာဦးကြည်လေးက ဆရာမစန်းစန်းမြင့်ကို အောက်ပေါအတိုင်းပြောပါတယ်။

" စန်းစန်းမြင့်… ငါ့ဖိနပ် ဒီမှာမတွေ့တော့ဘူး… ရှာပါဦးဟ"-ဟု။

ဆရာမလေးခမျာ တကယ်ထင်ပြီး ဒေါင်းတောက်အောင် ဖိနပ်ရှာပါတော့တယ်။ ဆရာဦးကြည်လေးသာ ပြန်သွားပေမယ့် ဖိနပ်ကတော့ ပြန်မတွေ့တော့ပါဘူး။ အမှန်မှာ ဆရာကြည်လေးက လမ်းမလျှောက်နိုင်သူဖြစ်လေတော့ ဖိနပ်လုံးဝစီးသူမဟုတ်ပါ။ ဆရာဦးကြည်လေးနဲ့ ဆိုက်ကားသမားတို့ကတော့ တပြုံးပြုံးနဲ့ ပြန်သွားပါလေတော့သည်။ ဆရာမစန်းစန်းမြင့် တစ်ယောက်ကတော့ ဖိနပ်ရှာနေလေရဲ့။ 

မောင်နေခြည် (လှည်းကူး)

တောကဟာသများ အပိုင်း-၂၀ (သို့) ဆရာကြည်လေး



ကျုပ်တို့ရွာမှာ မစွမ်းပေမယ့် သန်တဲ့လူတစ်ယောက်ရှိပါတယ်။ သူကတော့ ဆရာဦးကြည်လေးပါ။ သူက လမ်းမလျှောက်နိုင်ပါဘူး။ အိမ်ပေါ်မှာသွားရင်တော့ ဖင်ဒရွတ်တိုက်ပြီး သွားရတာပါ။ သူ့လိုပဲ မောင်ရွှေဂျိုးဆိုတဲ့ တစ်ယောက်လဲ ရှိပါသေတယ်။ သူတို့နှစ်ယောက်စလုံးဟာ ခြေထောက်မသန်မစွမ်းသူတွေ ဖြစ်တာကြောင့် ပိုက်ကြီးဝဲအရှေ့ကျောင်း ဆရာတော်ကြီးဦးပညာသာရ-က မြေကြီးကို ကျင်းတူးပြီး ကျင်းထဲမှာ မတ်တပ်ရပ်ခိုင်းတယ်တဲ့။ သူတို့နှစ်ယောက်ထဲမှာ ဆရာကြည်လေးက ရှက်လို့ အခုထိ လမ်းမလျှောက်နိုင်ပေမယ့် မောင်ရွှေဂျိုးကတော့ လမ်းလျှောက်နိုင်ခဲ့ပါတယ်။

အခုပြောမှာက ဆရာဦးကြည်လေးအကြောင်းပါ။ မဆလခေတ်အခါကပေါ့။ သူ့မှာ တစ်ခုရှိတာက ပိုက်ကြီးဝဲရွာရဲ့ အကြောင်းကို နေ့စဉ်မှတ်တမ်းသဘောမျိုး ဒိုင်ယာရီရေးတတ်တဲ့ အကျင့်ရှိပါတယ်။ တစ်ချို့မိဘများက ကိုယ့်ရဲ့သားသမီး ဘယ်နေ့မှာမွေးခဲ့တယ်ဆိုတာကို မမှတ်မိဘူးဆိုရင် ဆရာကြည်သာမေးလိုက်ပါ။ သူ့မှတ်တမ်းစာအုပ်ထဲကနေ ကြည့်ပြီး ပြောလိမ့်မယ်။ အဲဒီလို အမှတ်အသားကောင်းသူပါ။ လက်ရေးလက်သားကလဲ တော်တော်ကောင်းသူပါ။ သူလက်ရေးနဲ့ တူတဲ့ လက်ရေးမျိုး နောက်ထပ် မတွေ့ဘူးသေးပါဘူး။

ဒါပေမယ့် ဆရာကြည်က ငယ်ငယ်တုံးက ပိုက်ကွန်တွေ ထိုးပြီးရောင်းပါတယ်။ သူ့အိမ်မှာ အရက်ပုံးလဲ ရောင်းပါတယ်။ အရက်ရောင်းပြီဆိုတော့ လူကောင်းတော့ သူ့အိမ်ကို အရောက်အပေါက်နည်းတာပေါ့။ သူ့အိမ်မှာ အရက်သောက်တဲ့လူတွေနဲ့ အမြဲပြည့်နေတတ်ပါတယ်။ (အခုဗေဒင်ဆရာဖြစ်နေတော့ ဗေဒင်မေးတဲ့လူတွေနဲ့ ပြည့်နေပတယ်။)

တစ်နေ့မှာ ဆရာကြည်လေးတစ်ယောက် လက်နက်မှု့နဲ့ အဖမ်းခံရပါတယ်။ အမှန်က သူက လက်နက်နဲ့ ဘာမှ မဆိုင်ပါဘူး။ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဓါးပြတစ်ယောက်က သူ့ဆီမှာ သေနတ်ကို လာပြီး ၀ှက်ထားခြင်းဖြစ်ပါတယ်။ ရဲက စစ်တော့ သေနတ်က ဆရာကြည်လေးဆီမှာတွေ့ပါလေရော။ အဲဒါနဲ့ ဆရာကြည်လေး ရဲအဖမ်းခံရပါတယ်။

ရဲစခန်းရောက်တော့ မြို့နယ်မှူးရုံးခန်းမှာ သူ့ကို စစ်ဆေးပါတယ်။ အဲဒီလို စစ်ဆေးနေစဉ် ကိုကြည်လေးတစ်ယောက် အိမ်သာ သွားချင်လာပါတယ်။ ဒါကြောင့် ရဲတွေကို အိမ်သာလိုက်ပို့ဖို့ ပြောရာ ရဲတွေက ကိုယ့်ဖာသာ အိမ်သာသွားဖို့ ပြောပါတယ်။ အဲဒီအချိန်မှာ ဆရာကြည်လေးက အောက်ပါအတိုင်း ပြောပါတယ်။

" မင်းတို့ လိုက်မပို့ရင် ငါ ဒီအခန်းထဲမှာပဲ အီးပါလိုက်မှာနော်"-ဟု။

ရဲတွေလဲ မနေသာတော့ပဲ ကိုကြည်လေးကို အိမ်သာတက်ရာမှာ အကြိုအပို့ လုပ်လိုက်ရပါတော့တယ်။

(မှတ်ချက်။ ။ ယခုအခါမှတော့ ဗေဒင်ဟောနေပြီး ဆရာကြည်လေး (သို့) မြေမနင်းဆရာ-ဟု အမည်တွင် လျက်ရှိပါတယ်။ မိန်းမရှိပါတယ်။ သားယောက်ျားလေးတစ်ယောက်ရှိပါတယ်။။)

မောင်နေခြည် (လှည်းကူး)

Wednesday, 23 October 2013

သြစတြေးလျနိုင်ငံတွင် ကျင်းပသော Tasmanian Breath of Fresh Air Film Festival တွင် “ကယန်းအလှ” ဇာတ်ကားကို ပြသရန်ဖိတ်ခေါ်

ပန်းမြတ်ဇော်

သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် Tasmanian Breath of Fresh Air Film Festival မှ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတင်ပြသည့် “ကယန်းအလှ”ဇာတ်ကားအားပြသရန် ဖိတ်ကြားထားကြောင်း ၎င်းက ပြောဆိုလိုက်သည်။

ယင်းဇာတ်ကားသည် ကယန်းတိုင်းရင်းသားတို့၏ဘ၀နှင့် လူငယ်သဘာဝမေတ္တာအကြောင်းကို တင်ပြ ထားသည့်ဇာတ်ကားဖြစ်ခြင်းကြောင့် ယခုကဲ့သို့ရုပ်ရှင်ပွဲတော်တွင် လာရောက်ပြသရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာအောင်ကိုလတ်က “အလုပ်အရမ်းများနေတာကြောင့် လူကိုယ်တိုင်တော့မသွားဖြစ်ပါဘူး။ ကျွန်တော်တို့ကို ကမ်းလှမ်းတာကြောင့် Tasmanian Breath of Fresh Air Film Festival အဲဒီဇာတ် ကားကို ပို့ပေးလိုက်ပါပြီ။ “ကယန်းအလှ”ဇာတ်ကားက တိုင်းရင်းသားဇာတ်ကားတစ်ကားဖြစ်တာကြောင့် သူတို့ဘက်က စိတ်ဝင်တစားနဲ့ ပြသဖို့ ကမ်းလှမ်းခဲ့တာပါ။ International Film Festival ပွဲတွေမှာ ပြသ ခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ ကျွန်တော်တို့ရဲ့ အိပ် မက်တွေ အကောင်အထည်ဖော်ခွင့်ရတယ်။ မြန်မာပြည်အတွင်းမှာ ပြသတော့လည်း ပရိသတ်တွေရဲ့ အားပေးမှုရခဲ့တယ်။ ဆက်လုပ်ချင်စိတ်လည်း ဖြစ်လာခဲ့ပါတယ်”ဟု ပြောသည်။

Tasmanian Breath of Fresh Air Film Festival ၏ အင်တာနက်စာမျက်နှာတွင်လည်း“ကယန်းအလှ” ဇာတ်ကားနှင့်ပတ်သက်ပြီး “မြန်မာပြည်မှာ ရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်ကို ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီဇာတ်ကား ဂျပန်မှာပြပြီးနောက် ဒီမှာလာပြတာပါ။ သြစတြေးလျနိုင်ငံ တက်စမေးနီး ယားပြည်နယ်မှာ ပြမယ်”ဟု ဖော်ပြထားသည်။

၎င်းဇာတ်ကားကို သြစတြေးလျနိုင်ငံ Tasmanian ပြည်နယ်မှာ နိုဝင်ဘာ ၇ရက်မှ ၁၀ ရက်အထိ ကျင်းပ ပြသမည်ဖြစ်ပြီး “ကယန်းအလှ” ဇာတ်ကားကိုတော့ နိုဝင်ဘာ ၉ ရက်တွင် QVMAG Theatre မှာ ပြသ မည်ဖြစ်သည်။

“ကယန်းအလှ” ဇာတ်ကားအား ဒါရိုက်တာအောင်ကိုလတ်က ခြောက်နှစ်ကြာအချိန်ယူပြင်ဆင်ခဲ့ပြီး အမေရိကန်မှ ဇာတ်ညွှန်းရေးဆရာ ဟက်တာကတာဝန်ယူရေးသားခဲ့ သည်။ ရှမ်းပြည်နယ်တွင် အဓိက ထားရိုက်ကူးခဲ့သည်။ အဓိကသရုပ်ဆောင်များနေရာတွင်လည်း ဇာတ်ကားနှင့် လိုက်ဖက်မည့် တိုင်းရင်း သူ၊ တိုင်းရင်းသားများအား ရွေးချယ်ကာသင်ကြားပြသပြီး ရိုက်ကူးခဲ့သည့်ဇာတ်ကားဖြစ်သည်။ “ကယန်း အလှ” ဇာတ်ကားသည် အင်္ဂလိပ်စာတန်းထိုးဇာတ်ကားတစ်ကားလည်းဖြစ်ပြီး စင်ကာပူ၊ မလေး၊ ဂျပန် စသည့် နိုင်ငံများတွင်ကျင်းပသည့် ရုပ်ရှင်ပွဲတော်များတွင် သွားရောက်ပြသခဲ့ပြီး မလေးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်ဒိုင်များ၏ အနှစ်သက်ဆုံးဆုကို မတ်လ အတွင်းကလည်း ရရှိခဲ့သည်။ ဒါ့အပြင်ဇာတ်ကားတွင်ပါဝင်သည့် ရို့စ်မေရီသည် အကောင်းဆုံးသရုပ် ဆောင်ဆုအတွက် ဆန်ခါတင်စာရင်းပါဝင်ခဲ့သည်အထိ အောင်မြင်မှုရရှိထားသည့် ဇာတ်ကားတစ်ကား လည်းဖြစ်သည်။

Ref: Mizzima

Tuesday, 22 October 2013

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မီးတောင်ပေါက်ကွဲ

ရန်ကုန်၊ အောက်တိုဘာ ၂၀

အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ တွင် မီးတောင်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ဥကရုခရိုင် တပ်ဆမ်ကျေးရွာ အနီးရှိ တောင်ထိပ်မှ ချောရည်ပူများ၊ ကျောက်ဆိုင် ကျောက်ခဲများ အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်၍ စီးဆင်းနေကြောင်း မဏိပူရ ပြည်နယ် အစိုးရအရာရှိများက ထုတ်ပြန် ပြောကြားထားသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် တောင်နှင့်အနီးတစ်ဝိုက်ရှိ ရွာများသို့ ချော်ရည်ပူများနှင့် အခြား ကျောက်ဆိုင် ကျောက်ခဲများ စီးဆင်းနေ၍ ဒေသခံပြည်သူများကို လုံခြုံသည့် ဒေသများသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့အပြင် ယခင်က အဆိုပါ ဒေသအတွင်းတွင် မီးတောင်များ ရှိသည်ဟု မှတ်တမ်းများ မရှိခဲ့သောကြောင့် ယင်းပေါက်ကွဲမှုသည် မီးတောင်ပေါက်ကွဲခြင်းဟုတ် မဟုတ် အစိုးရအဖွဲ့က သံသယ ရှိနေကြောင်း သတင်းထုတ်ပြန်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၉ အနီးတွင် မီးတောင် ပေါက်ကွဲမှုကြောင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ လမ်းမများ ပိတ်ပင်ထားကြောင်း ယင်းသတင်းများတွင် ဖော်ပြထားသည်။

Ref: The Voice Weekly

တောကဟာသများ အပိုင်း-၁၉ (သို့) တန်ဘိုးကြီးတဲ့ ၀ီစီ



စာရေးသူဟာ လှည်းကူးမှာနေစဉ်တုံးက တောကနေမြို့ကို တက်ပြီး လှည်းကူးတာဆုံက လဘက်ရည်ဆိုင် ထိုင်တက်ပါတယ်။ တချို့ကတော့ စာရေးသူလဘက်ရည်ဆိုင်ခြင်းကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် လဘက်ရည်ဆိုင်ကို ထိုင်ရခြင်းအကြောင်းတွေ စာရေးသူမှာရှိပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ လဘက်ရည်ဆိုင်မှာ ကိုယ်တွေ့ချင်တဲ့သူမှန်သမျှကို တွေ့နိုင်ပါတယ်။ စာရေးသူကလဲ ရွာက ဆရာတော်ရဲ့ ကိစ္စတွေ၊ ကျောင်းကိစ္စတွေ၊ ရပ်ရေးရွာရေးကိစ္စတွေဆောင်ရွက်ရသူဖြစ်တော့ ရုံးကိစ္စတော်တော်များများကို လုပ်ဖို့ဆိုလျှင် လဘက်ရည်ဆိုင်ကို သွားထိုင်လိုက်လျှင် ကိစ္စအားလုံးရဲ့ ၇၅-ရာခိုင်းနှုန်းက ပြီးသွားပါတယ်။ 

ရ၀တဥက္ကဌတွေကို တွေ့ချင်ရင် ရ၀တဥက္ကဌအိမ်ကို မသွားနဲ့ မတွေ့နိုင်ပါဘူး။ လဘက်ရည်ဆိုင်ကိုသာ သွားလိုက်ပါ။ ဥက္ကဌကို တွေ့နိုင်ပါတယ်။ တံဆိပ်တုံးမျိုးစုံပါတယ်။ ဘော့ပင်လဲပါတာပေါ့။ လက်သမားရှာချင်သလား၊ ကားသမားရှာချင်သလား၊ သစ်သမားရှာချင်သလား၊ ရဲကိုပဲ တွေ့ချင်သလား၊ ရုံးဝန်ထမ်းပဲ တွေ့ချင်သလား၊ အားလုံးသော ကိစ္စတွေကို လဘက်ရည်ဆိုင်မှာပဲ ကိစ္စတော်တော်များများ ပြီးစေပါတယ်။

အဲဒီလို လဘက်ရည်ဆိုင်ထိုင်ရင် လှည်းကူးရဲစခန်းက ယာဉ်ထိန်းရဲတစ်ယောက်က အခါအားလျော်စွာ စာရေးသူကို လဘက်ရည်နှင့်တကွ ပဲပလာတာ ကပ်လေ့ရှိပါတယ်။ သူက လှည်းကူးက ကားတွေကိုတော့ သိပ်မရစ်ပါဘူး။ သူနဲ့ အရမ်းရင်းနှီးနေတော့ စာရေးဆရာက အောက်ပါအတိုင်း ပြောလေ့ရှိပါတယ်။

"ခင်ဗျားတို့က ခရာ (၀ီစီ) တချက် မှုတ်လိုက်ရင် ပိုက်ဆံအများကြီးရတာဆိုတော့ ကျုပ်ကို နေ့တိုင်း လဘက်ရည်လှူသင့်တယ်။"-ဟု။

ဒါပေမယ့် အဲဒီယာဉ်ထိန်းရဲကြီးက အမြဲတမ်းပြောတဲ့ စကားကတော့
" ဒီဝီစီ နဲ့ ဦးထုပ်ဖိုး ငွေမပြည့်သေးဘူး ကိုယ်တော်"-ဟု။

အမှန်မှာ အဲဒီယာဉ်ထိန်းရဲကြီး ပြောစကားအရ ၀ီစီ နဲ့ ခမောက်ကို လှည်းကူးရဲစခန်းရဲ့ မြို့နယ်မှူးဆီက တစ်လလျှင် ငါးသောင်းကျပ်နဲ့ ကံထရိုက်ဆွဲထားရတာဖြစ်ကြောင်း၊ အကယ်ရွေ့ သူ့ထက်ပိုပြီး ဈေးပေးတဲ့သူရှိရင် ဒီဝီစီ နဲ့ ခမောက်က အခြားသူဆီပါသွားတတ်ကြောင်း၊ အများက ဒီလိုကံထရိုက်ဆွဲပြီး ယူထားရတာကို မသိကြောင်း၊ နောက်တစ်တလစာ ငါးသောင်းပြည့်ဖို့ မနည်းစုရကြောင်း ပြောပြရှာပါတယ်။

သူရှိ အခုရှိသေးသလား၊ မရှိတော့ဘူးလား မသိပါ။ လဘက်ရည်ဆိုင်ထိုင်တဲ့ အဲဒီယာဉ်ထိန်းရဲကြီးကို သတိရလျက်။

မောင်နေခြည် (လှည်းကူး)

လှည်းကူးက ယာဉ်မောင်းတွေ ပါဝင်ခဲ့တဲ့ မင်္ဂလာဒုံက ကားလေးစီး ဆင့်ကဲတိုက်မှု

ရန်ကုန်၊ အောက်တိုဘာ ၂၁

၂၀.၁၀.၂၀၁၃ ရက်နေ့ ၂၀၁၅ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပဲခူး
လမ်းအတိုင်း ထောက်ကြန့်ဘက်မှပဲခူးဘက်သို့ ယာဉ်မောင်း ၀င်းသိန်း၊
(ဘ)ဦးကျော်စိန်၊ (ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး)နေသူ မောင်းနှင်လာ
သော ရန်ကုန်-နေပြည်တော် “ဇာနည်ဘွား” ယာဉ်လိုင်း ခရီးသည်တင်
ယာဉ် ၆ခ/…………………..(ပထမယာဉ်)သည် ဇိနမာန်အောင်ဘုရား
အနီး အရောက် ယာဘက်လမ်းဘေး၌ ရပ်ထားသော ယာဉ်မောင်း
ဦးတင်စိုး၊ မင်္ဂလာဒုံမြို့နယ်နေသူ၏ နစ်ဆန်း ဆယ်ဘီးယာဉ်
၃ခ/………………..(ဒုတိယယာဉ်) အား နောက်မှ ၀င်ရောက်တိုက်မိ
ခဲ့ပါသည်။

ယာဉ်တိုက်ခံရသည့်အရှိန်ကြောင့် ၃ခ/…………………(ဒုတိယယာဉ်)
သည် ၄င်းရှေ့ရပ်ထားသော ယာဉ်မောင်း ဦးအောင်ကျော်မင်း
(လှည်းကူးမြို့နယ်နေသူ)၏ နစ်ဆန်း ဆယ်ဘီး ၉ခ/………………… (တတိယယာဉ်) နှင့် လမ်းလျှောက်လာသော မသဉ္ခာဇော်၊
မနှင်းရွှေရည်၊ မအေးသဒ္ခါနိုင်၊ မောင်ဖိုးသူရတို့အားထပ်ဆင့်တိုက်မိ
ခဲ့ပြီး လမ်းလျှောက်လာသူများတွင် ဒဏ်ရာများ အသီးသီး
ရရှိခဲ့ပါသည်။

၉ခ/……………………… (တတိယယာဉ်)မှလည်း ၄င်းရှေ့ ရပ်တန့်
ထားသော ယာဉ်မောင်း ဦးဝင်းနိုင် (လှည်းကူးမြို့နယ်နေသူ) ၏
နစ်ဆန်းဆယ်ဘီး ၃ခ/………………………..(စတုတ္ထယာဉ်)ယာဉ်အား
ဆင့်ကဲ ထပ်မံ၍ တိုက်မိခဲ့ပြန်ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ် (၄)စီး ပျက်စီးသည့်အပြင်
လမ်းလျှောက်လာသူ မောင်ဖိုးသူရ၊ (ဘ)ဦးချစ်ဦး၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေသူတွင် ၀ဲယာခြေထောက်၊ နောက်စေ့ စုတ်ပြဲ
ဒဏ်ရာများ ရရှိကာ မ/ဥက္ကလာပဆေးရုံသို့တင်ပို့စဉ် လမ်း၌သေဆုံး
သွားခဲ့ပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ၆ခ/………………(ပထမယာဉ်) ယာဉ်မောင်း ၀င်းသိန်းအား ထောက်ကြန့် နယ်မြေ
ရဲစခန်း ယာဉ်(ပ)၅၃/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police's facebook

Monday, 21 October 2013

အမေ့အိမ်(၁) အခမဲ့ပညာဒါနကျောင်း (လှည်းကူး) သို့ သြစတေးလျမှ ဦးစိုးသီဟ၏ အလှူ

ဦးစိုးသီဟ(UNOH)ခေတ္တAustrillaမှ အမေ့အိမ်(၁) အခမဲ့ပညာဒါန
ကျောင်း လှည်းကူးသို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းမှတဆင့်

အလှုငွေကျပ်-ကိုးဆယ့်တစ်သိန်းငါးသောင်းတိတိ(၉၁၅၀၀၀၀)ကို
ယနေ့သီတင်းကျွတ်လပြည့်နေ့တွင်ပညာရေးကွန်ရက်အဖွဲ့နှင့်လာရောက်လှုဒန်းခဲ့သည်။

ရည်ရွယ်ချက်မှာ Education centre တည်ဆောက်ရန်ဖြစ်သည်။
ဆရာဆရာမများအားသင်တန်း ပေးရန်နှင့် capacity building အစရှိတဲ့သင်တန်းများသင်ကြားရန်ဖြစ်သည်။


Ref: Si Thu's facbook



လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာ၊ အရှေ့ကျောင်း ဆီမီးကိုးထောင် ပူဇော်ပွဲ (လပြည့်ကျော် တစ်ရက်နေ့ည)

ဆီမီးကိုးထောင် ပူဇော်ပွဲကိုလှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာ၊ အရှေ့ကျောင်း၊ မဟာဝိဇိတာရာမတိုက်တွင် ကျင်းပခဲ့ပါသည်။ယင်းသို့ ကျင်းပပြုလုပ်ရာတွင် နောက်ဆုံးညဖြစ်သည့် လပြည့်ကျော် တစ်ရက်နေ့ညအတွက် အကျွန်ုပ်မှ တညစာ လှူဒါန်းခဲ့ပါသည်။




Sunday, 20 October 2013

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ အသောကမြန်မာဘုန်းတော်ကြီးကျောင်း၏ ပဉ္စမအကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်ပွဲ

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ အသောကမြန်မာဘုန်းတော်ကြီးကျောင်း၏ ပဉ္စမအကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်ပွဲကို ယနေ့ ၂၀-၁၀-၂၀၁၃ (တနင်္ဂနွေ)နေ့မှာ ကျင်းပပြုလုပ်ရာသြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ အသောကမြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာနနာယကရောတော် ဒေါက်တာဦးဓမ္မာစာရ အမှူးရှိသောဆစ်ဒနီမြို့ခံ မြန်မာဆရာတော်များ၊ မြန်မာပြည်မှ ကြွရောက်လာသော ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ နှင့် ဆစ်ဒနီမြို့မှ ကထိန်ဒကာ၊ ကထိန်ဒကာမများ တက်ရောက်ကြပါသည်။



Friday, 18 October 2013

တောကဟာသများ အပိုင်း-၁၀



ဂျပန်ခေတ်အခါကပေါ့။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဗုံးတွေ ကြဲခံနေရပါတယ်။ အဲဒီအထဲမှာလှည်းကူးမြို့နယ်လဲ အပါအ၀င်ပေါ့။
ကျုပ်တို့ လှည်းကူးနယ်ထဲက ပိုက်ကြီးဝဲရွာမှာလည်း ဗုံးခိုကျင်းတွေ တူးကြ၊ လေယာဉ်ပျံလာရင် ဗုံးခိုကျင်းထဲ ၀င်းပုံးကြပေါ့။ အစားအသောက်တွေကိုလဲ ဗုံးခိုကျင်းထဲမှာ ပဲထည့်ထားကြရပါတယ်။

တနေ့သောအခါမှာ မိသားစုနှင့်အတူ စံပွား-ဆိုတဲ့ လူငယ်တစ်ယောက်ဟာ လေယာဉ်ပျံတွေလာတော့ မိသားစုနှင့်အတူ ဗုံးကျင်းထဲကို ၀င်ပုံးကြရပါတယ်။ လူကြီး လူငယ်မရွေး ကြောက်ကြောက်လန့်လန့်နဲ့ နေကြရတဲ့ အချိန်ပါ။
အဲဒီလို အချိန်မှာ စံပွားက အောက်ပါအတိုင်း ပြောပါတယ်။

"အခုနေများ ဘိလပ်ရည်လေးသောက်ရရင် ဘယ်လောက်ကောင်းမလဲ.... အဘရာ"-ဟု။

အဖေလုပ်တဲ့သူက သူ့သားကို အောက်ပါအတိုင်းပြန်ပြောပါတယ်။

" စစ်ဖြစ်ပါတယ်ဆိုမှ အရေးထဲ စံပွားက ဘိလပ်ရည်သောက်ချင်သေးတယ်"-ဟု။
 

မောင်နေခြည် (လှည်းကူးမြေ)