Saturday, 31 December 2011
Friday, 30 December 2011
Thursday, 29 December 2011
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် ဂိုဒေါင်ပေါက်ကွဲမှုတွင် ဓါတု အဆိပ်သင့်မှုများ ဖြစ်ပေါ်နေ
ယနေ့ မနက် အစော ပိုင်း က မင်္ဂလာ တောင်ညွန့် မြို့  နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွား
ခဲ့ သည့် ဓါတု ဗေဒ ကုန်လှောင် ရုံ ပေါက် ကွဲ မှု ၏ အကျိုး ဆက် အဖြစ် ရန်ကုန် တိုင်း မြို့  နယ်
အချို့ တွင် ဓါတု ဗေဒ အဆိပ် သင့် မှု များ ဖြစ် နေသည် ဟု FNG က စုံ စမ်း သိရှိ ရသည်။
လေးနားရီ နီးပါး ကြာ လောင်ကျွမ်းထား သည့် မီး အရှိန် ကြောင့် မင်္ဂလာ တောင်ညွန့် မြို့ နယ်၊
တာမွေ မြိ နယ်၊ ဒေါပုံ မြို့ နယ် ၊ သာကေတ မြို့ နယ် ၊ သင်္ဃန် ကျွန်း မြို့  နယ် တို့  တွင် ပြာမှုန်
နှင့် မီးခိုး ငွေ့ များ ဖုံး လွှမ်း နေ သည်။
တာမွေ မြို့ နယ် နှင့် မင်္ဂလာ တောင် ညွန့်  မြို့ နယ် တွင်း နေကြ သူ အချို့  မှာ ယားယံ ခြင်း နှင့်
အသက် ရှု ကျပ် သည့် ရော ဂါ များ ယနေ့  မနက် မှ စတင် ခံစား နေကြ ရ သည် ဟု သိရှိ
ရသည်။ မင်္ဂလာ တောင် ညွန့် မြို့  နယ် ယုဇန ပလာ ဇာ အနီး တိုက် ခန်း များ နှင့် တာ မွေ
ကျောက် မြောင်း ရှိ ဒေသခံ အချို့  ဉ် ယား နာ ကဲ့ သို့  အနီရောင် အဖု လေး များ ထလာ ပြီး
လက် နှင့် မျက် နှာ တစ်ဝိုက် တွင် အဖြစ် များ သည် ဟု တာ မွေ သတိ ပဌာန် လမ်း မှ ဆရာ
ဝန် တစ်ဦး က ပြောသည်။
အချို့  မှာ မျက် စေ့ စပ် လာ မှု နှင့် မျက် ရည် ပူ များ ကျဆင်း မှု များ ကြုံ တွေ့ ရသည်။
ယနေ့  မနက် အစော ပိုင်း ပေါက်ကွဲ မီး လောင် မှု ကြောင့် ဒုက္ခ ရောက် ခဲ့ သူများ ကို မြန်မာ
နိုင်ငံ ကြက် ခြေ နီ အသင်း ၊ တပ်မတော် စစ်ဆေးရုံ မှာ တာဝန် ရှိ သူ များ ၊ ကြံ့ဖွံ ပါတီ နှင့်
သရုပ် ဆောင် ရဲတိုက် ၏ ရဲ တိုက် ဖောင်ဒေးရှင်း မှ သွားရောက် ကူညီ လျှက် ရှိ သည်။
မီးလောင်မှု တွင် အိုးအိမ် ပျက်စီး ဆုံး ရှုံး သူများ ကို ပုသိမ်ညွန့်  ကျောင်း တိုက် နှင့်
အစိုးရ အခြေခံ ပညာ ကျောင်းများ တွင် ယာယီ ခိုလှုံ ခွင့် ပြု ထား သည် ဟု သိရသည်။
ည ၂ ချက် တီး အချိန် က မီးလောင် ပေါက် ကွဲ မှု သည် ဆာလ်ဖြူ ရစ် အက်ဆစ် ဓါတု ကန်
အနီး ၀ါယာ ရှော့ခ် ဖြစ်ရာ မှ စတင် ခြင်း ဟု ဆို သော် လည်း အစိုးရ တာဝန် ရှိ သူ များ က
အတိအကျ သတင်း ထုတ် ပြန် မှု မပြု သေးချေ။
မီးလောင်ပေါက် ကွဲ မှု ဖြစ်ပွား ရာ အနီး တစ်ဝိုက် ရှိ နေ အိမ် များ တွင် သောက် ရေ နှင့်
စားသောက် ဖွယ် ရာ များ ကို ဖုံး အုပ် ထား ရန် အတွေ့ အကြုံ ရှိ သည့်  လူကြီး များက
ယနေ့  မနက် လမ်း များ ဉ် ဆော် သြနေသည်။
ယနေ့  ည ပေါက် ကွဲ မှု ဉ် ည ၁ နာ ရီ ၄၅ မိနစ် မှ ၂ နာရီ ကျော် အထိ ဆက် တိုက် ပေါက် ကွဲ ခဲ့
ပြီး အဆိုပါ ဆန်း ကြယ် သည့် ပေါက် ကွဲ မှု ကို သက်ဆိုင်ရာ က စုံ စမ်း စစ်ဆေး ဆဲ သာ ဖြစ်
သည် ဟု သိရသည်။
ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တစ်ဝိုက် တွင် ၁၀ ပေ ခန့် နက် သည့် ကျင်းကြီး များ ဖြစ်
ပေါ် ခဲ့ သည်။
ကူးတို့  ဆိပ် ရပ် ကွက် တွင် နေသူ များ မှာ ည လုံး ပေါက် မီး ခိုး မှုန်း များ ကြောင့် အသက် ရှု
ကျပ် သည့် ဒဏ် နှင့် ယားယံ မှု များ ကို လည်း ခံ စား နေရသည်။
မီးလောက် ပေါက်ကွဲ မှု ဖြစ်ပွား သည့် နေရာ တွင် တွေ့ ရ သည့် အမိုနီယံ အမှုန့် များ မှာ လည်း
အန္တရယ် ရှိ သဖြင့် ကိုင် တွယ် ခြင်း မပြု ရန် မီး သတ် တပ် ဖွဲ့  က ဆော် သြနေ သည်။
ယနေ့  နေ့ လည် ၁၂ နာ ရီ နောက် ဆုံး ရ သတင်း များ အရ သေဆုံး သူ ၂၀ ကျော် ရှိ ပြီး ၁၈ ဦး
ပျောက် ဆုံး နေကာ ၉၀ ကျော် ဒဏ်ရာ ရရှိ သည်။
ယနေ့  မီးလောင် ပေါက်ကွဲ မှု တွင် အနည်း ဆုံး အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖိုးခန် ပျက်စီး
ဆုံး ရှုံး နိုင် သည် ဟု ပြည်တွင်း ရေကြောင်း ပို့  ဆောင် ရေးဌာ န မှ အရာ ရှိ တစ်ဦး က ခန့် မှန်း
သည်။
မှတ်ချက် ။ ။ Freedom News Group မှဖော်ပြပါသည်

Tuesday, 27 December 2011
ကျောင်းစိမ်းတစ်ထည်၏ အတ္ထုပ္ပတ္တိ
(၁)
စားပွဲပေါ်မှာ အထပ်လိုက်ရှိနေသည့် ပုဆိုးပုံကိုကြည့်ပြီး အဖြစ်အပျက်တို့ကို စဉ်းစားနေမိသည်။ ခုချိန်က သီတင်းကျွတ်လည်းမဟုတ်၊ တန်ဆောင်တိုင်လည်းမဟုတ်၊ အခါကြီးရက်ကြီးလည်းမဟုတ်။
" အင်း...မဟုတ်မှလွဲရော... ဟိုဆရာမပဲဖြစ်မယ်"
" ဒါဆိုရင်တော့...... အင်း..."
ကျနော် ချွေးပြန်ခဲ့ရသည့်နေ့၊ ထိုနေ့ကို ကျနော် မှတ်မှတ်ရရ ဖြစ်နေမိသည်။
ညနေကျောင်းဆင်းအပြီး အိမ်မှာတစ်ယောက်ထဲ အေးအေးဆေးဆေး စာထိုင်ဖတ်နေသည်၊ မိန်းမက ညနေစာထမင်းတစ်အိုး ချက်ထားခဲ့ပြီး ဟင်းချိုခပ်ရန် အရွက်ရှာမည်ဆိုကာ ရွာထဲ ထွက်သွားလေသည်။ ကျနော်နေသည့်အိမ်က ကျောင်းဝင်းအတွင်းမှာပင်ရှိသည်။ စာသင်ကျောင်းဆောင်နှစ်ခုအကြားတွင် လမ်းကလေးရှိသည်။ ထိုလမ်းကလေးထိပ်ဆုံးတွင် သွပ်မိုး ပျဉ်ကာ အုပ်ညှပ် လုံးချင်းအိမ်ကလေးသဖွယ် အဆောက်အအုံကလေးရှိသည်။ အိမ်လည်းဟုတ်သည်၊ ရုံးခန်းဆိုလည်းမမှား၊ ကျောင်းချိန်တွင် ကျောင်းအုပ်ကြီး ရုံးခန်းဖြစ်သည်၊ ဆရာ/ဆရာမများနှင့် အစည်းဝေးလုပ်သည့်စားပွဲသည် ကျနော်တို့ လင်မယား၏ ထမင်းစားပွဲလည်းဖြစ်သည်။
ကျနော်သည် ယခုလက်ရှိကျောင်းကို ၁၉၉၀ခုနှစ်၊ ဇွန်လတွင် ရောက်ရှိခဲ့ပါသည်။ ဤရွာသို့ အလယ်တန်းကျောင်းအုပ်အဖြစ် ရောက်လာကတည်းက ရွာထဲတွင် စုံစမ်းပြီးချေပြီ။ ရွာထဲတွင် ရန်ကုန်နှင့် အခြားမြို့များမှ တာဝန်ကျသည့် ဆရာဆရာမများ အချင်းချင်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဆိုသလို စုပေါင်းပြီး အိမ်ငှားနေကြရသည်။
အိမ်တစ်လုံးငှားခကလည်းမသေး၊ နှစ်ရာ့ငါးဆယ် သုံးရာရှိသည်၊ ကျနော်မငှားနိုင်ပါ။ ကျနော်၏ အလယ်တန်း ကျောင်းအုပ်လစာက တစ်လ (၁၂၅၀) ကျပ်။ ဝန်ထမ်းဆန်ဘိုး ဆီဘိုး သက်သာကြေး ငွေစုငွေချေးသမ စသဖြင့် ဖြတ်တောက်ပြီးပါက (၈၀၀)ကျပ် ပျော့ပျော့သာ ကျန်သည်။
ကျနော့်သမီးကြီးက ဒီနှစ်ဆယ်တန်း၊ သားအငယ်က ကိုးတန်းတက်နေသည်။ သူတို့ရှေ့ရေးအတွက် နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်ရာက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခွင့်တင်ခဲ့ရာ ရန်ကုန်တိုင်းတော့ ရောက်ပါသည်။ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်အပိုင် ရွာလေးတစ်ရွာသို့ ရောက်ခဲ့ရလေသည်။
ခုမှခက်ချေပြီ၊ ရွာမှာ အထက်တန်းကျောင်းမရှိ၊ ကော့မှုးမြို့ပေါ်သို့ သွားရောက်ထားပါက ရနိုင်သော်လည်း ဆွေမရှိမျိုးမရှိသဖြင့် အိမ်ငှားနေရမည်၊ မတတ်နိုင်ပါ။ နောက်ဆုံး ရန်ကုန်ကန်တော်ကလေးရှိ အမအပျိုကြီးများထံ ပို့ထားရလေသည်။ ကြီးတော်များက ကလေးများကို ချစ်ခင်၍ သေသေချာချာ စောင့်ရှောက် ကျွေးမွေးထားသဖြင့် တော်ပါသေးသည်။
ကျနော်ပို့ပေးသော တစ်လ (၅၀၀)ကျပ်သည် ကလေးများ၏မုန့်ဘိုး စာအုပ်စာတမ်းကြေး စသည်ဖြင့် ကျောင်းစရိတ်အတွက် ကာမိရုံသာ။ အစ်မနှစ်ယောက်ကို ကျေးဇူးတင်ရသည်၊ ကျန်ငွေ (၃၀၀) ကျပ်ကို ကျနော်တို့လင်မယားနှစ်ယောက်
ခြိုးခြံစားသောက်ပြီး ကလေးတွေထံ တစ်လတစ်ခါ သွားသည့် လမ်းစရိတ်အဖြစ် လောက်ငအောင်သုံးရသည်။ ငါးပိရည်ကျို တို့စရာနှင့် ဟင်းချိုသည် ကျနော်တို့လင်မယားအတွက် နတ်သုဒ္ဓါပင်၊ အဝတ်အစား ဝယ်ဝတ်ဖို့ဟူသည် အိမ်မက်ပင် မမက်ရဲ၊ ဝယ်လျှင်လည်း ငွေစုငွေချေးမှ ချေး၍ရသည့်အချိန်မှ သမီးနှင့်သားအတွက် လိုတာဝယ်ပေးရသည်။
အဝတ်အစားသည် ကျနော့်အတွက် မလိုအပ်ပါ။ ကျောင်းတက်လျှင် ကျောင်းဝတ်စုံ အဖြူနှင့်အစိမ်းကို ဝတ်သည်။ အိမ်ပြန်ရောက်ပါက နေကလေးပြ လေသလပ်ခံပြီး နောက်တစ်နေ့ပြန်ဝတ် သည်လိုဖြင့် တနင်္လာမှ သောကြာအထိ အဆင်ပြေသည်။ ဒီကြားထဲ ရွာထဲက အလှုလေးအတန်းလေး ဖိတ်လာလျှင် ဒီအဖြူအစိမ်းတစ်စုံဖြင့် ပြီးသည်။
ချည်ပုဆိုးတစ်ထည်ကတော့ ကော့မှုးမှ ရန်ကုန်က အမအိမ်သွားလျှင် ဝတ်ရသည်၊ ကျောင်းစိမ်းဝတ်စုံဖြင့် သွားမိလျှင် "မင်းမှာ ဒါဘဲရှိသလား" ဟု ခဏခဏမေးတတ်၍ ဖြစ်သည်။ ကလေးတွေကို ကြည့်ပေးထားသည်နှင့်ပင် တော်ပါပြီ၊ ထပ်၍ဝန်မပိစေချင်တော့ပါ။
အိမ်မှာနေရင်ဖြင့် မနှစ်က ကျောင်းစိမ်း အဟောင်းလေးပဲဝတ်သည်။ သို့သော် ထိုပုဆိုး အစိမ်းကလေးမှာလည်း ရေလဲပိုင်းသာသာ ရှိတော့သည်၊ ရေစီးကြောင်းများလိုက်၍ အပေါက်အပြဲများက လှည့်၍ပင်မရ၊ ကိစ္စမရှိ။
ကျနော့်အိမ်သည် ရွာအစွန် ကျောင်းဝင်းအတွင်းမှာပင်၊ ညနေ ကျောင်းသားကျောင်းသူများ ကျောင်းဆင်းပြီးပါက ဖြတ်သွားဖြတ်လာပင်မရှိ။ ရွာအစွန်အဖျား သရဲခြောက်သည် နာမည်ကြီးသဖြင့် ညနေ နေဝင်ရီတရော မည်သူမှမလာရဲသည့်နေရာ။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင်၊ အိမ်မှာမိန်းမကလည်းမရှိ၊ ထိုအချိန်မှာမှ အရေးတကြီးကိစ္စဖြင့် ခွင့်ယူလို၍ဆိုကာ ဆရာမဒေါ်သီရိနွယ် ရောက်လာခဲ့သည်။ မိန်းမရှိနေရင်ဖြင့် အိမ်ဆီလျှောက်လာတာ မြင်ကတည်းက လုပ်စရာရှိတာ လုပ်ထား၍ရသည်။
အခုတော့ ထိုင်ရာမထ နှုတ်ဆက်ရလေသည်။ ညနေရွာသို့ မော်တော်ဆိုက်စဉ် ရန်ကုန်မှ လူကြုံနှင့်စာပါလာကြောင်း၊ ဆရာမ၏မိခင် ကျန်းမာရေးမကောင်းဖြစ်နေ၍ အမြန်လိုက်လာခဲ့ပါဟု မှာကြောင်းပြောသည်။ မနက်စောစောထွက်မည့် မော်တော်နှင့်လိုက်သွားလိုသဖြင့် ခွင့်တင်သွားလိုပါကြောင်း အကျိုးအကြောင်းပြောလေသည်။
ကျနော်လှုပ်၍ မရပါ။ တင်ပလ္လင်ခွေထိုင်ရင်း ချွှေးပျံနေသည်။ ဘာလုပ်ရမှန်းမသိ၍ လက်ထဲတွင် ကိုင်ထားသည့် ဖတ်လက်စစာအုပ်ကို စိုက်ကြည့်နေမိသည်။ စာလုံးများသည် ဝိုးတဝါး၊ ဆရာမမျက်နှာသည်လည်း ဝါးတားတား၊ မိန်းမပြန်လာရင်ကောင်းမည်။ ဆရာမ ဒေါ်သီရိနွယ်သည် ကျနော့်ကို စိတ်အလိုမကျစွာ လှမ်းကြည့်နေသည်၊ ခွင့်တိုင်သည့် ပုံစံစာရွက်ကို ထုတ်မပေးဘဲ စာဖတ်မပျက်သည့် ကျနော့်ကို အလိုမကျ ဖြစ်နေချေပြီ။
" မြင့်မြင့်... မြင့်မြင့် ပြန်လာရင်ကောင်းမယ်"
" ဒီမိန်းမ ရွာရိုးကိုးပေါက် လျှောက်သွားနေတယ်......" ဟု စိတ်တိုစွာတွေးမိပြီး
"အင်းလေ သူလည်း ရွာရိုးကိုးပေါက် ခြံစည်းရိုးက အရွက်တွေသွားခူးတာပဲ"ဟု စိတ်ဖြေရသည်။
"ဟာ...........ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်ပန်းတွေပွင့်နေပါလား၊ ကျမက စပယ်ပန်းသိပ်ကြိုက်တာ" ဟု ပြောပြောဆိုဆို အိမ်အပြင်ထွက်ပြီး ပန်းပင်ဆီထအသွားမှာတော့ ကျနော် လှစ်ခနဲ အိပ်ခန်းထဲ ဝင်ပြေးခွင့်ရလေတော့သည်။ တန်းပေါ်မှာ လွှားထားသည့် တစ်ထည်တည်းသော ကျောင်းစိမ်းပုဆိုးကို လဲဝတ်ပြီးတော့မှ အသက်ရှုချေင်လေတော့သည်။
ရုံးခန်းအဖြစ်ကာထားသော အခန်းဆီသို့ဝင်ကာ ဘီရိုထဲမှ ခွင့်တင်သည့် ပုံစံစာရွက်ကိုယူပြီး "ကဲ ဆရာမရေ ခွင့်စာလာယူချည်၊ ပြန်လာမှတင်ရင်တင်၊ ကျနော်လည်း အကျိုးအကြောင်း သိပြီပဲ" ဟု ပြောပြောဆိုဆို ပေးပြီး သတင်းမေးစကား ပြောရလေတော့သည်။
ထိုဆရာမ ရန်ကုန်တွင် ၃ ရက်နေပြီး ကျောင်းပြန်လာတက်သည့်နေ့တွင် ဆရာကြီးအတွက်ဆိုကာ မန္တလေးရှပ် လည်ကတုံးလက်ရှည်အဖြူတစ်ထည်နှင့် ကျောင်းစိမ်းပုဆိုးတစ်ထည် ကန်တော့လေသည်။ ဆရာ ဆရာမများသည် မချမ်းသာကြပါ။ တစ်ချို့ဆို တော်တော် ချို့တဲ့ကြပါသည်။ သူတို့လစာ (၈၇၅) ကျပ်သည် (၅၀၀) ကျပ်လောက်သာ အသားတင်ရကြရာ အိမ်ငှားခ၊ စားသောက်စရိတ်၊ လမ်းစရိတ်တို့ဖြင့် မနည်းလောက်ငအောင် သုံးနေကြရသည်သာ။
တို့သည်လည်း ရန်ကုန်မှာ မိဘများက ကျွှေးမွေးထား၍သာ လာရောက်လုပ်နိုင်ခြင်းဖြစ်သည်၊ မည်သူမှ ကျနော့်ကို လာမကန်တော့နိုင်ပါ၊ ကျနော် အားနာစွာငြင်းပါသေးသည်။ ဆရာမ၏ မိခင်ဖြစ်သူမှ ဝယ်ပေးလိုက်ခြင်းပါဆို၍ လက်ခံလိုက်ပါသည်။ ဒါအဆန်းတော့မဟုတ်ပါ။ သို့သော် တစ်ရက်ခြားလောက်မှာပင် ရွာခံဆရာမတစ်ယောက်က ကန်တော့ချင်ပါသည်ဆိုကာ ကျောင်းစိမ်းပုဆိုးတစ်ထည်နှင့် ချည်ချောပုဆိုးတစ်ထည် ရောက်လာပြန်သည်။
ထို့နောက်ရွာထဲမှ ကျောင်းအကျိုးတော်ဆောင် ရွာလူကြီးတစ်ဦးက လက်ဆောင်ဆိုကာ ရောက်လာပြန်သည်၊ ထိုမှ ထိုမှသည် ဆရာမနောက်ထပ်နှစ်ဦး၊ ဒါဆိုရင်တော့ သမရိုးကျ မဟုတ်တော့ချေ၊ ထိုနေ့က ဆရာမဒေါ်သီရိနွယ်တစ်ယောက် ကျနော့်အဖြစ်ကို သိရှိသွားလေချေပြီလား။
(၂)
စားပွဲပေါ်တွင် အထပ်လိုက်ရှိနေသည့် ပုဆိုးများထဲမှာ ကျောင်းစိမ်းပုဆိုး လေးထည် ပါသည်။ သားကို တစ်ထည်ပေးရမည်၊ ဒီနှစ် သားအတွက်လုံချည်ဝယ်မပေးရသေး၊ သမီးကိုသာဝယ်ပေးလိုက်ရသည်။ မိန်းကလေးဆိုတော့ ထည်လဲလိုသည်၊ သားကနားလည်၍ တော်သေးသည်။ ကိုချစ်အုန်းလည်းသနားစရာ။ သူ့မလည်း ကျောင်းစိမ်းတစ်စုံနှင့် အလှုသွားလည်းဒါ ကျောင်းတက်လည်းဒါ ဖြစ်နေသည်၊ တော်ပါသေးသည်၊ အဖြူ အစိမ်းဆိုတော့ ဒါချည်းပဲဝတ်နေသည်၊ ဒီတစ်စုံထဲရှိသည်ဟု မည်သူမှ မသိနိုင်ချေ။
ကိုချစ်အုန်းအတွက် ကျောင်းစိမ်းလုံချည်လေးတစ်ထည်လောက် ဝယ်ပေးချင်နေတာကြာပြီ။ ဝယ်ပေးရန်လည်း ကြံစည်သေးသည်၊ ရွာထဲက အထည်ရောင်းသည့် အမကြီးဆီမှာ မေးကြည့်တော့ ရွာမှာ တော်တော်များများက ကျောင်းစိမ်းတစ်ထည်ဝယ်ထားလျှင် နှစ်နှစ် သုံးနှစ် ထပ်မဝယ်တော့ပေ။ သို့ဖြင့် ဆိုင်မှာတင် မရောင်းပါ။ လိုချင်ပါက မြို့ပေါ်က မှာပေးမည်ဆိုသည်။ လပေးဆိုပါက အဆမတန်တင်ထားတတ်မှန်းသိသော်လည်း နှစ်လခွဲပေးမည် ဆိုသောအခါ အင်တင်တင်လုပ်နေ၍ မဝယ်ဖြစ်သေးချေ၊ သူကလည်း မြို့သို့မှာရန် မေ့နေသလို ဟန်ဆောင်နေသည့်အတွက် အံကိုက်ဖြစ်နေလေသည်။ ဆရာမဒေါ်သီရိနွယ်အမေ နေမကောင်းဖြစ်၍ ဆရာမ ရန်ကုန်အပြန်မှာ ဆရာမအမေက ကျေးဇူးတင်၍ ဝယ်ပေးလိုက်ဟန်တူသည်၊
" အင်း ဆရာမတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတာပဲဖြစ်မယ်၊ သီတင်းကျွတ်တုန်းကတောင် ဘယ်သူမှ ကန်တော့မယ့်သူမရှိ ၊ ခုကျတော့လည်း အချိန်အခါလည်းမဟုတ်၊ တစ်ယောက်ကန်တော့တာမြင်တော့ ကျန်တဲ့ဆရာမတွေကလည်း သူတို့ကို ဂရုစိုက်အောင် ဝိုင်းကန်တော့လိုက်ကြတာ"
ဘယ်လိုပဲဖြစ်ဖြစ် ကိုချစ်အုန်းအတွက် ဟန်ကျလေပြီ၊ အထည်ရောင်းသည့် အမကြီးထံသွားပြီး
"ကိုချစ်အုန်းကို ကန်တော့ထားတာတွေများနေလို့ ပုဆိုးမဝယ်ဖြစ်တော့ဘူး" လို့ ရင်ကော့ပြီး ပြောလိုက်တော့မည်။
(၃)
လုပ်ဖော်ကိုင်ဖက် ဆရာမများက ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုးနှင့် ချည်ပုဆိုးများ ကန်တော့သည်ကို တွေ့သဖြင့် ကျမရင်ထဲ ဝမ်းသာပီတိဖြစ်ရပါသည်။ ကျောင်းဆရာ ဆရာမများကို ဒါးသွေးကျောက်၊ ဖယောင်းတိုင် စသဖြင့် တင်စားကြသည့်အတိုင်း ဆရာ ဆရာမများသည် အနာဂတ်အတွက် ကလေးများကို အသိပညာ အတတ်ပညာများ သင်ကြားပေးရင်း မိမိတို့ဘဝမှာ ချို့တဲ့လှပါသည်။
မိမိကိုယ်တိုင် ချို့တဲ့လှပါသည်ဟု ထင်မှတ်ထားမှုသည် လုပ်သက်အနှစ်နှစ်ဆယ်ကျာ်ရှိ ကျောင်းအုပ်ဆရာကြီးကို မျက်ဝါးထင်ထင်တွေ့ရလေမှ စာဖွဲ့စရာမဟုတ်မှန်း သိလာရလေသည်။ ထိုဆရာကြီးကို ဘယ်အချိန်ကြည့်ကြည့် ကျောင်းဝတ်စုံနှင့်ပင်၊ မော်တော်နှင့် ရန်ကုန်သွားလျှင်ပင် တစ်ခါတရံ အဖြူအစိမ်းနှင့် တွေ့ရသည်။ သို့သော် ဆရာကြီးတွင် ကျောင်းဝတ်စုံ ထိုတစ်စုံသာရှိသည်ကိုတော့ တော်တော်လေးကြာမှ အမှတ်မထင် သိရှိခဲ့ရလေသည်။
ညနေကျောင်းဆင်းအပြီး အိမ်မှာနားနေခိုက် ရွာထိပ်တွင် မော်တော်ဆိုက်သံကြားလို့မှ မကြာ ဆရာမအတွက် ရန်ကုန်မှ စာပါတယ် ဆိုကာ ကလေးတစ်ယောက် စာလာပေးစဉ် ရင်ထဲထိပ်ကနဲ ဖြစ်မိသည်၊ ကျမ၏မေမေ သွေးတိုးနေသည်၊ သွေးပေါင်ချိန် တော်တော်နှင့် မကျသဖြင့် ခေတ္တပြန်လာခဲ့ဖို့မှာခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ကြောက်စရာ ကောင်းသည်။ အန္တရယ်လည်းရှိသဖြင့် ကျမ စိတ်ပူမိသည်။
အတူနေဆရာမက ရေချိုး သနပ်ခါးလိမ်းသည်ကို မစောင့်တော့ဘဲ ဆရာကြီးထံခွင့်တိုင်ရန် ထွက်လာခဲ့သည်။ ကျမ အကျိုးအကြောင်းပြောနေသည်ကို နားထောင်ပြီး ဆရာကြီးသည် ထိုင်မလိုထမလိုလုပ်ကာ စာအုပ်ကို သဲသဲမဲမဲဖတ်နေလေသည်၊ ကျမစိတ်တိုမိချေပြီ၊ ဆရာကြီးကတော် မမမြင့်ကို အရိပ်အယောင်မျှပင် မတွေ့။
" ဒီလိုမှန်းသိ တလေးတစား ခွင့်လာမတိုင်ပါဘူး၊ မနက်စောစော မော်တော်နဲ့လိုက်သွားပြီး တစ်ယောက်ယောက်နဲ့ မှာခဲ့ပါတယ်" ဟုတွေးရင်း ထပြန်ရင်ကောင်းမလားတွေးမိသည်။ ဆရာကြီးကို လှမ်းကြည့်မိသည့်အခါ ဆရာကြီးသည် စာအုပ်ကို စိတ်ဝင်တစားဖတ်နေခြင်းမဟုတ်သည်ကို အကဲခတ်မိလေသည်။ ဆရာကြီး၏ ညိုသောမျက်နှာသည်နီရောင်ပြေးနေပြီး နဖူးတွင်ချွှေးများပင်စို့နေသည်ကို တွေ့ရပြန်သည်။
ကျမက ဆရာကြီးအမျိုးသမီးကို မေးရာ ရွာထဲသွားသည်ဟုဆိုသည်။ ကျမဇဝေဇဝါ ဖြင့်ဝေခွဲရဖြစ်နေစဉ် ဆရာကြီးသည် ထိုင်နေရာမှ ညောင်းလာသည်ထင့်။ အမှတ်တမဲ့လှုပ်ရှားလိုက်ရာ ကျမစိတ်ထဲ စိတ်ထိခိုက်ရမိပါတော့သည်။ အိမ်နေရင်းဝတ်ထားသည့် ကျောင်းစိမ်းပုဆိုးလေးသည် ရိပြဲလို့နေပါလား၊ ကျမသည် ယခုမှချက်ချင်း ထပြန်လို့လည်း မဖြစ်တော့ပေ။
" ဟာ......ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်တွေပွင့်လို့ပါလား၊ ကျမကစပယ်ပန်းသိပ်ကြိုက်" ဟု ပြောပြောဆိုဆို အပေါက်ဝထွက်၍ စပယ်ပင်ရှေ့အကြာကြီးရပ်ကာ အိမ်ကိုကျောခိုင်းနေလိုက်ပါသည်။ တစ်အောင့်နေ ဆရာကြီးထွက်လာတာ မြင်ရသည့်အခါ ကျမပိုလို့ပင် စိတ်မကောင်းဖြစ်ရပါသည်။ ကျောင်းတက်လျှင်ဝတ်သည့် ကျောင်းစိမ်းလုံချည်လေးလဲဝတ်ကာ ကျမအား ဖော်ရွာစွာဖြင့် စကားတွေဖောင်ဖွဲ့လျက် ကျမမိခင် ကျန်းမာရေးကို မေးမြန်းလေသည်။
ကျမမိခင်ကို ဆေးခန်းပြ ဆေးပုံမှန်စားရန်ကိစ္စများ လုပ်ကိုင်ပေးပြီး အခြေအနေကောင်းသည်နှင့် ကျောင်းသို့ပြန်ခဲ့လေသည်၊ ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုး တစ်ထည်ကို မဖြစ်မနေဝယ်အပြီး ကျမမိခင်မေးမြန်းရာက အင်္ကျီအဖြူတစ်ထည်ကို ဖြည့်ပီးဝယ်ပေးလိုက်ပါသည်။ ဆရာကြီးကိုကန်တော့ရန် ဆွဲခြင်းထဲတဲ့ယူလာသည့် ကျောင်းစိမ်းဝတ်စုံကို ရွာခံဆရာမ မမရီ တွေ့ရှိသွားရာမှ ထိုနေ့ကအဖြစ်ကို ကျမ ဇာတ်ကြောင်းပြန်မိလေသည်။
အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ကလေးများကို သင်ကြားတိုင်း မျက်ရည်ကျအောင် ပြောတတ်သည့်ကျမသည် ဆရာမတစ်ချို့ကို မျက်ရည်ကျစေမိလေသည်။ ခွင့်ရ၍ကန်တော့သည် ကန်တော့၍ခွင့်ပေးသည်ဟု အခြားဆရာ ဆရာမများ သံသယမဖြစ်စေချင်ပါ။ မမရီက စောစောကသိရင် ဒီနေ့မော်တော်နဲ့မြို့ကို မှာလို့ရသည်၊ မနက်ဖြန်မှပဲ မှာရတော့မှာပဲဟု တသသ ပြောနေလေသည်။ ချက်ချင်းကို ပေးချင်နေသည်၊ မမရီမှတစ်ဆင့် သူ၏ဖခင်သိရှိကာ မမရီအဖေက ပုဆိုးတစ်ထည်။ နောက် အခြားသော ဆရာ ဆရာမများ ကန်တော့ကြလေသည်။
ထိုသီတင်းတစ်ပတ်အပြီး ကျောင်းပြန်တက်သည့်တစ်ရက်မှာတော့ မန္တလေးရှပ်အကျီအဖြူ ကျောင်းစိမ်းပုဆိုးအသစ်တို့ ဝတ်ဆင်လျက် ကျောင်းရုံးခန်းမှ စာသင်ဆောင်သို့အကူး ကျမစာသင်ခန်းရှေ့ အဖြတ်တွင်တော့ မျက်နှာရဲလျက် အိုးတိုးအန်းတန်းဖြစ်နေပုံရလေသည်၊ ကျမသည် ဆရာကြီး အနေမခက်စေရန် ထုံးစံအတိုင်း မမြင်ယောင်ဆောင်၍ ကျောခိုင်းလိုက်ပါတော့သည်။
ခိုင်ခိုင်စောလွင်
(မောက္ခပညာရေးမဂ္ဂဇင်း-မှ ကူးယူဖေါ်ပြပါသည်။)

Sunday, 18 December 2011
ဆစ်ဒနီမြို့တွင်း၊မြို့ပြင်ကို Sightseeing Bus နဲ့ခရီးသွားခြင်း
ခရစ်စမတ်နဲ့ နှစ်သစ်ကူးအားလပ်ရက်အဖြစ် ကျောင်း (၂)လ ကျော်ပိတ်လို့ ခရီးတစ်ခုသွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါနဲပဲ အင်တာနက်ထဲမှာ ဟိုရှာဒီရှာ အလုပ်များခဲ့ရပါတယ်။ ခရီးစရိတ်လဲ သက်သာရမယ်၊ ကိုယ်မရောက်ဘူးတဲ့ ဒေသတွေကိုလဲ အနှံ့ရောက်ရမယ် ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ပေါ့။ ကျောင်းတက်ရတာလဲ အဆိုင်းမင့်တွေက တအားများတော့ စိတ်ပြေလက်ပျောက် သဘော၊ အနားယူတဲ့သဘောလဲပါပါတယ်။
Sydney Tour မှာ ကားရပ်နားမည့်နေရာ ၂၄-ခု ရှိပြီးတော့ Bondi Tour ကတော့ ကားရပ်နားမည့်နေရာ ၁၀-နေရာရှိပါတယ်။ စုစုပေါင်း ၃၄-နေရာရှိပါတယ်။ ဒီနေရာတွေကို ကိုယ်ပိုင်ကား(သို့) တက္ကစီ (သို့) ရိုးရိုး ဘက်စ်ကားနဲ့ သွားမယ်ဆိုရင်တော့ စရိပ်စကက ဒေါ်လာ (၃၀) လောက်နဲ့ မလောက်တာကကတော့ အမှန်ပါပဲ။
အဲဒီနေရာတွေကတော့ Circular Quay, Wynyard Arcade, Queen Victoria Building, Town Hall, William St, Kings Cross, EI Alamein Fountain, Woolloomooloo Bay, Sydney Opera House, Botanical Gardens, Parliament House/ NSW Library, Hyde Park, Australian Museum, Central Station, Power House Mudeum, Sydney Fish Market, Star City Casino, Maritime Museum, Exhibition Centre & Hard Rock Cafe, Imax/ Chinese Gardens, Sydney Aquariam, King St Wharf, Campbell's Cove, The Rocks, Sydney Tower and Australian Opal Cutters နဲ့ Bondi Beach စတာတွေပဲ ဖြစ်ပါတယ်။
ကားပေါ်မှာတော့ လမ်းဘေးတစ်လျှောက်မှာရှိတဲ့ ထင်ရှားတဲ့ နေရာတွေ အကြောင်းကို အသံချဲ့စက်မှတဆင့် ကြေညာပေးပါတယ်။ အဆင်သင့် အသံသွင်းထားတဲ့ စီဒီကို ဖွင့်ပေးခြင်းဖြစ်ပါတယ်။ ဆစ်ဒနီမြို့တော်ကြီးက အရမ်းကြီးမားလွန်းတော့ ဒီလို ကားမျိုးနဲ့ သွားရတာ အရမ်းကိုပဲ သင့်တော်လှပါတယ်။
ဒီရက်တွေဟာ လူတိုင်းအတွက် အားလပ်ရက်တွေ ဖြစ်တာကြောင့် မြို့ထဲမှာ ဈေးရောင်းသူ၊ ဈေးဝယ်သူတွေနဲ့ အရမ်းကို စီကားလှပါတယ်။ ရောင်တဲ့သူဘက်ကလဲ ရာခိုင်နှုန်းတော်တော် များများကို လျှော့ရောင်းနေတဲ့အချိန်ပေါ့။ ဒီ သြစီကလူတွေကတော့ အခုလို လျှော့ရောင်းတဲ့ အချိန်မှာ ၁နှစ်စာ ၀ယ်ယူကြတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်ရက်တွေမှာ လူသုံးကုန် ပစ္စည်းတွေဟာ အရမ်းဈေးကြီးကြလို့ပါပဲ။
နေရာတော်တော်များများကတော့ ကမ္ဘာကျော်နေရာတွေပဲဖြစ်ပါတယ်။ ဆစ်ဒနီဟာဘာတံတားကြီး တို့၊ ဆစ်ဒနီ အော်ပရာဟောက်စ်တို့၊ ဘွန်ဒိုင်းကမ်းခြေတို့ပေါ့။ ကားစီးနေရင်းနဲ့ တစ်ခုစဉ်းစာမိတာကတော့ အမိမြန်မာပြည်မှာလဲ ဒီလို ကားမျိုးတွေ ရှိရင် ဘယ်လောက် ကောင်း မလဲလို့................ပေါ့
မောင်နေခြည် (လှည်းကူး)
(Sightseeing Bus ကို မစီးမီပေါ့)
ဒါနဲ့ အင်တာနက်ထဲကနေ Sightseeing Bus နဲ့ ဆစ်ဒနီမြို့တွင်း၊မြို့ပြင်ကို ဈေးသက်သက်သာသာနဲ့ သွားနိုင်တဲ့ အစီအစဉ်တစ်ခုကို တွေ့မိတာပါ။ ဒီလိုနဲ့ Sightseeing Bus နဲ့ ခရီးသွားဖြစ်လိုက်ပါတယ်။ Sightseeing Bus စထွက်တာကတော့ Central Station ကပါ။ ဒီလိုနဲ့ Central Station ကို မီးရထားစီပြီးသွားလိုက်ပါတယ်။ လက်မှတ်ခက လူကြီးတစ်ယောက်လျှင် (၃၅) ဒေါ်လာနှုန်းကျသင့်ပေမယ့် စာရေးသူက ကျောင်းသားဖြစ်လေတော့ (၃၀)ဒေါ်လာပဲပေးရပါတယ်။ Sydney Tour နဲ့ Bondi Tour ဆိုပြီး ခရီးလမ်းကြောင်း ၂-ခုရှိပေမယ့် အခုဝယ်ထားတဲ့ လက်မှတ်က တစ်စောင်ထဲနဲ့ ခရီး ၂-ခုကို ၂၄-နာရီအတွင်း အတက်အဆင်းကြိုက်သလောက်လုပ်နိုင်ပါတယ်။ (Sightseeing Bus မှ ကားစပယာနှင့် အမှတ်တရ)
Sydney Tour မှာ ကားရပ်နားမည့်နေရာ ၂၄-ခု ရှိပြီးတော့ Bondi Tour ကတော့ ကားရပ်နားမည့်နေရာ ၁၀-နေရာရှိပါတယ်။ စုစုပေါင်း ၃၄-နေရာရှိပါတယ်။ ဒီနေရာတွေကို ကိုယ်ပိုင်ကား(သို့) တက္ကစီ (သို့) ရိုးရိုး ဘက်စ်ကားနဲ့ သွားမယ်ဆိုရင်တော့ စရိပ်စကက ဒေါ်လာ (၃၀) လောက်နဲ့ မလောက်တာကကတော့ အမှန်ပါပဲ။
(ဆစ်ဒနီဟာဘာတံတားကြီးကို Sightseeing Bus ပေါ်မှတွေ့ရပုံ)
အဲဒီနေရာတွေကတော့ Circular Quay, Wynyard Arcade, Queen Victoria Building, Town Hall, William St, Kings Cross, EI Alamein Fountain, Woolloomooloo Bay, Sydney Opera House, Botanical Gardens, Parliament House/ NSW Library, Hyde Park, Australian Museum, Central Station, Power House Mudeum, Sydney Fish Market, Star City Casino, Maritime Museum, Exhibition Centre & Hard Rock Cafe, Imax/ Chinese Gardens, Sydney Aquariam, King St Wharf, Campbell's Cove, The Rocks, Sydney Tower and Australian Opal Cutters နဲ့ Bondi Beach စတာတွေပဲ ဖြစ်ပါတယ်။
(စူပါမင်းအ၀တ်အစားနဲ့ တွေ့ရသူတစ်ယောက်ပေါ့)
ကားပေါ်မှာတော့ လမ်းဘေးတစ်လျှောက်မှာရှိတဲ့ ထင်ရှားတဲ့ နေရာတွေ အကြောင်းကို အသံချဲ့စက်မှတဆင့် ကြေညာပေးပါတယ်။ အဆင်သင့် အသံသွင်းထားတဲ့ စီဒီကို ဖွင့်ပေးခြင်းဖြစ်ပါတယ်။ ဆစ်ဒနီမြို့တော်ကြီးက အရမ်းကြီးမားလွန်းတော့ ဒီလို ကားမျိုးနဲ့ သွားရတာ အရမ်းကိုပဲ သင့်တော်လှပါတယ်။
(ဗစ်တိုးရီးယား ဘုရင်မရုပ်တုကို Sightseeing Bus ပေါ်မှ မြင်ရပုံ)
ဒီရက်တွေဟာ လူတိုင်းအတွက် အားလပ်ရက်တွေ ဖြစ်တာကြောင့် မြို့ထဲမှာ ဈေးရောင်းသူ၊ ဈေးဝယ်သူတွေနဲ့ အရမ်းကို စီကားလှပါတယ်။ ရောင်တဲ့သူဘက်ကလဲ ရာခိုင်နှုန်းတော်တော် များများကို လျှော့ရောင်းနေတဲ့အချိန်ပေါ့။ ဒီ သြစီကလူတွေကတော့ အခုလို လျှော့ရောင်းတဲ့ အချိန်မှာ ၁နှစ်စာ ၀ယ်ယူကြတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်ရက်တွေမှာ လူသုံးကုန် ပစ္စည်းတွေဟာ အရမ်းဈေးကြီးကြလို့ပါပဲ။
(မြေအောက်လမ်းတစ်နေရာ နဲ့ Sightseeing Bus)
နေရာတော်တော်များများကတော့ ကမ္ဘာကျော်နေရာတွေပဲဖြစ်ပါတယ်။ ဆစ်ဒနီဟာဘာတံတားကြီး တို့၊ ဆစ်ဒနီ အော်ပရာဟောက်စ်တို့၊ ဘွန်ဒိုင်းကမ်းခြေတို့ပေါ့။ ကားစီးနေရင်းနဲ့ တစ်ခုစဉ်းစာမိတာကတော့ အမိမြန်မာပြည်မှာလဲ ဒီလို ကားမျိုးတွေ ရှိရင် ဘယ်လောက် ကောင်း မလဲလို့................ပေါ့
(ကမ္ဘာကျော် Bondi Beach တစ်နေရာ)
နောက်တစ်ပတ်မှာတော့ သွားဖြစ်ခဲ့တဲ့ နေရာတွေ အကြောင်းကို ဆက်လက် ပြီးတော့ ငါးပိချက်လေး ချက်ချင်ပါသေးတယ်။ ငါးပိချက်စားဖို့ စောင့်ဦးနော်။မောင်နေခြည် (လှည်းကူး)
Saturday, 17 December 2011
မာစီဒီးပဲ စီးတယ်
ဒီတစ်ပတ်တော့ သြစီက Bus တွေ အကြောင်းကို ရေးမယ်လို့ စိတ်ကူးမိပါတယ်။ သြစီက Bus တွေကို စီးမယ်ဆိုရင် ရထားတွေမှာလို ကြိုတင်လက်မှတ်ဝယ်ယူနိုင်သလို ကားပေါ်ရောက်မှ ၀ယ်လို့လဲရပါတယ်။ မြို့ထဲမှာ ဆိုရင်တော့ ကားလက်မှတ်ကို ဈေးဆိုင်တွေက တဆင့်ဝယ်ရပါတယ်။ Bus ပေါ်မှာ မရောင်းပါဘူး။ လက်မှတ်ကို တပတ်စာကြိုတင်ပြီးတော့လဲ ၀ယ်နိုင်ပါတယ်။ Bus ကားမောင်းသူတွေဟာ များသောအားဖြင့် အမျိုးသားတွေဖြစ်ပါတယ်။ အမျိုးသမီး Bus ကား မောင်းသူတွေကိုလဲ တစ်ခါတစ်ရံ တွေ့နိုင်ပါတယ်။
များသေားအားဖြင့် မြို့ပြင်မှာ ဆိုရင်တော့ ၁၅ မိနစ်ကို တစ်စီးတော့ ပုံမှန်ထွက်ပါတယ်။ ဆစ်ဒနီမြို့ထဲမှာတော့ ရန်ကုန်အတိုင်းပါပဲ။ Bus ကား တော်တော်ပေါပါတယ်။ ကားကြပ်လေ့မရှိပါဘူး။
”မာစီဒီးပဲ စီးတယ်”ခေါင်းစဉ်ကို တွေ့လိုက်ရတော့ စာဖတ်သူရဲ့ စိတ်ထဲမှာ တစ်မျိုးလေးတော့ ဖြစ်သွားမယ်ထင်ပါတယ်။ ဒီကောင် ကြွားလှချည်လားပေါ့။ တကယ်ပါ မာစီဒီးကားကိုပဲ ကျွန်တော်စီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ သြစီက Bus ကားတွေဟာ များသောအားဖြင့် မာစီဒီးကားတွေ ဖြစ်လို့ပါပဲ။ စာရေးသူဟာ ကိုယ်ပိုင်ကားရှိသူ မဟုတ်တော့ ကျောင်းတက်ရင် ရထား (သို့မဟုတ်) Bus နဲ့ပဲ သွားပါတယ်။ Bus တိုင်းမှာ အဲယားကွန်းပါပါတယ်။ Bus အများစုကတော့ Wheelchair အသုံးပြုသူတွေ၊ ခလေးတွန်းလှည်းတွေ အတွက် တက်နိုင်၊ ဆင်းနိုင်တဲ့ Bus တွေဖြစ်ပါတယ်။
Busကားမောင်းသူတွေဟာ အရမ်းပဲ စည်းကမ်းလိုက်နာကြပါတယ်။ မြန်မာပြည်မှာလို မှတ်တိုင်မဟုတ်တဲ့ နေရာတွေမှာ ဘယ်တော့မှ ရပ်လေ့မရှိပါဘူး။ Busရဲ့ ရှေ့အပေါက်သည် ခရီးသည်များ တက်ရောက်ရန်ဖြစ်ပြီးတော့ နောက်အပေါက်သည် ဆင်းရန် အပေါက်ဖြစ်ပါတယ်။ ဘယ်သူမှလဲ နောက်အပေါက်ကနေ မတက်ပါဘူး။ Bus ကားတိုင်းမှာလဲ စပယာမပါပါဘူး။ ကားပေါ်မှာ အစားအသောက်စားခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကို ခွင့်မပြုပါဘူး။ CCTV နဲ့ အချိန်ပြည့် မှတ်တမ်းတင်ထားရှိပါတယ်။ မိမိပစ္စည်းမေ့ကျန်ခဲ့ရင်တောင် စိတ်ပူစရာ မလိုပါဘူး။ ပြန်ရနိုင်ပါတယ်။
ဒါကြောင့် ပြောပါတယ်။ ”မာစီဒီးပဲ စီးတယ်” လို့။
နောက်တစ်ပတ်မှာတော့ Sightseeing Bus နဲ့ Sydney တစ်မြို့လုံး သွားရောက်ပုံကို တင်ပြလိုပါတယ်။

Sunday, 4 December 2011
သြစီရထားအကြောင်း
ဒီတခါတော့ ဆစ်ဒနီမြို့တော်ရဲ့ မီးရထားအကြောင်းကို ရေးမယ်လို့ စဉ်းစာမိပါတယ်။ ဆစ်ဒနီမှာရှိတဲ့ ရထားတွေက များသောအားဖြင့် နှစ်ထပ်ရထားတွေဖြစ်ပါတယ်။ နယ်ဝေးသွားတဲ့ ရထားတွေကတော့ တစ်ထပ်ပဲရှိပါတယ်။ ကောင်းကင်ရထားတွေလဲ ရှိပါတယ်။ ရထားတွေကို လျှပ်စစ်ဓာတ်အားနဲ့ပဲမောင်းနှင်ကြပါတယ်။ မြို့တွင်းပြေး ရထားတွေကတော့ (၁၅) မိနစ်ကို တစ်စီးရှိပါတယ်။ သတ်မှတ်ထားတဲ ဘူတာတွေကို သတ်မှတ်ထားတဲ့ အချိန်မှာ ဆိုက်ကပ်ပါတယ်။ အချိန်ကတော့ ဘာတိကျသလဲတော့ မမေးနဲ့ အရမ်းကို တိကျလှပါတယ်။
( သြစီရထားတစ်စီးပုံ)
ရထားလက်မှတ်ဝယ်မယ်ဆိုရင်တော့ စက်ထဲမှာ ကိုယ်သွားချင်တဲ့ နေရာကို နှိပ်လိုက်ပြီး ကျသင့်ငွေကို ထည့်လိုက်ရုံနဲ့ လက်မှတ် ကျလာပါတယ်။ အနိမ့်ဆုံး ရထားလက်မှတ်ခကတော့ သြစီဒေါ်လာ ၃.၂၀ ကျသင့်ပါတယ်။ကျောင်းသားတွေ၊ အလုပ်ရှာနေတဲ့ လက်မှတ်ရှိတဲ့သူတွေ၊ ပင်စင်ယူထားသူတွေနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူတွေကတော့ လက်မှတ်ခ တစ်ဝက်ပဲ ကျပါတယ်။ ဒါပေမယ့် သြစီရထားလက်မှတ်က စင်္ကာပူက MRT တို့ Bus တို့မှာ အသုံးပြုသလို touch and go card တွေတော့မဟုတ်ပါဘူး။ လက်မှတ်စစ်တဲ့ စက်ထဲကို ထိုးထည့်ရတာပါ။ ပုံမှန်အားဖြင့် ရထားတွဲ (၈) တွဲပါရှိပါတယ်။ တစ်တွဲနဲ့ တစ်တွဲကိုလည်း ကူးနိုင်ပါတယ်။ တွဲတစ်တွဲမှာ လူ ၁၀၀ လောက်ထိုင်နိုင်တဲ့ ထိုင်ခုံတွေပါရှိသလို ကိုယ်လိုချင်သလို ခုံကို အရှေ့၊အနောက် လှည့်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လက်မှတ်စစ်တဲ့သူတွေလဲ ရှိတတ်ပါတယ်။ ရထားခိုးစီးရင်တော့ ဒဏ်ငွေ သြစီဒေါ်လာ (၂၀၀) ပေးဆောင်ရပါလိမ့်မယ်။ အခြားစည်းမျဉ်းတွေလဲရှိပါသေးတယ်။ ထိုင်ခုံတွေပေါ်ကို ခြေထောက်တွေ ဆင်းပြီး တင်ထားလို့မရပါဘူး။ အရက်သေစာ သောက်စားလို့ မရပါဘူး။ ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထုတွေကိုလဲ ယူဆောင်ခွင့် မရှိပါဘူး။ ဒါတွေကို ချိုးဖြတ်ရင်လည်း ဒေါ်လာ (၂၀၀) ပေးရမှာပါပဲ။
ဆစ်ဒနီက ရထားတွေပေါ်မှာ နေ့စဉ်မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ အဆန်းကြီးတော့ မဟုတ်ပါဘူး။ ပုံမှန် မြင်တွေ့နေကျပါပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်နေသူတွေများပါတယ်။ မိန်းခလေး အများစုကတော့ ရထားပေါ်ရောက်မှ အလှပြင်ကြသူတွေများပါတယ်။ ကျောင်းသားတွေကတော့ အိုင်ဖုန်းတွေကိုယ်စီနဲ့ အလုပ်ရှုပ်နေပါတယ်။ တစ်ယောက်ထဲ စကားပြောနေတဲ့ သူတွေများပါတယ်။ တစ်ချို့ကတော့ စာဖတ်ကြပါတယ်။ ရထားကလဲ သူရောက်ရှိတဲ့ ဘူတာကို ရောက်ရင် ရောက်ရှိကြောင်း ကြေညာပေးသလို နောက်ဆိုက်မည့် ဘူတာအစဉ်ကိုလည်း ကြေညာပေးပါတယ်။ ဘူတာတိုင်း ဘူတာတိုင်းမှာ ကွန်ပျူတာတွေနဲ့ ဆိုက်ရောက်လာမည့် ရထားတွေ၊ ခရီးလမ်းကြောင်းတွေကို ဖေါ်ပြပေးပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းအ၀ါအတွင်းမှာ နေကြဖို့ အမြဲနှိုးဆော်ပေးပါတယ်။ ရထားပေါ်မှာ ပစ္စည်းကျန်ခဲ့ရင်လဲ ပျောက်မှာ မပူရပါဘူး။ နီးစပ်ရာ ဘူတာကို အကြောင်းကြားလိုက်ရင် မိမိပစ္စည်းကို ပြန်ရနိုင်ပါတယ်။
(ရထားလက်မှတ် နဲ့ ကားလက်မှတ်ပုံ)
အလုပ်သွားချိန်၊ အလုပ်ပြန်ချိန်တို့မှာတော့ ရထားကြပ်တယ်လို့ဆိုရမှာ။ တစ်နေရာနဲ့ တစ်နေရာက အတော်လှမ်းကြတော့ များသောအားဖြင့် ကားမရှိသူတွေက ဘူတာနဲ့ နီးတဲ့နေရာမှာပဲ နေကြတာများပါတယ်။ ဘူတာတိုင်း ဘူတာတိုင်းမှာ ကားရပ်နားဖို့ နေရာအများအပြား စီစဉ်ပေးထားပါတယ်။ တွန်းလှည်းနဲ့ လာသူတွေကိုကိုလည်း ရထားဝန်ထမ်းတွေက ရထားအဆင်း၊အတက်ကို စီစဉ်ပေးပါတယ်။