Tuesday, 27 September 2011

မြန်မာ့ပညာရေး ကလိမ်ကကျစ်များ

(မောက္ခပညာရေး မဂ္ဂဇင်းမှ ကူးယူသည်။)

မြန်မာစကားမှာ ကလိမ်ကျတာကို ''မဖြစ်နိုင်သည်ကို လိမ်လည် လှည့်ဖြား ချဲ့ထွင်ပြောဆိုသည်'' လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အင်္ဂလိပ်မှာကတော့ လိမ်တာကို "Fraud" လို့ပြောတယ်။ Fraud ကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ရင်

" Crime of cheating somebody: the crime of obtaining money or some other benefit by deliberate deception" လို့ဆိုထားပါတယ်။မကောင်းတဲ့စိတ်နဲ့ တစ်စုံတစ်ယောက် အကျိုးပျက်အောင် လုပ်တဲ့အလုပ်တွေကို ကလိမ်ကျတယ်လို့ ပြောတယ်

Letter from Burma: Holiday 3 (By Aung San Suu Kyi)

The third temple where we went to worship in Pagan was That-byin-nyu. The highest of the ancient religious monuments, it is also one of the most beautiful, with its harmonious proportions and tiered terraces.

Until the 1990s, visitors were allowed to climb up to the terraces and look down on the serenity of Pagan as it spread out in inimitable stillness. It was a perfect spot for "I've been there" photographs, and I have several of my young self sitting on one of the terraces with a cousin and an uncle, all of us looking very pleased with ourselves and with life in general.

Sunday, 25 September 2011

Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်

အားလုံး မင်္ဂလာပါခင်ဗျာ။ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုရဲ့ သင်္ကေတ၊ ဧရာဝတီမြစ်ဆုံဟာ ပြည်ထောင်စုရဲ့ အစပဲဖြစ်ပါတယ်။ ဧရာဝတီကို ချစ်မြတ်နိုးခြင်းဟာ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဟာ နိုင်ငံကိုချစ်မြတ်နိုးခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ပြည်ထောင်စုကို ချစ်မြတ်နိုးသူတွေ၊ ဧရာဝတီကို ချစ်မြတ်နိုးသူတွေလို့ ယူဆပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပြည်တွင်းမှာရှိတဲ့ အလွှာအသီးသီး၊ နေရာဒေသအသီးသီး၊ ဌာနအသီးသီး၊ နေရာဒေသအရပ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးအပါအ၀င် နိုင်ငံတကာမှာရှိနေကြတဲ့ မြန်မာစိတ်ရှိတဲ့ မြန်မာအားလုံးရဲ့ ဧရာဝတီချစ်စိတ်ကို ကျွန်တော်မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ကျွန်တော်တို့နိုင်ငံဟာ အရေးကြုံတဲ့အချိန်မှာ ညီညွတ်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ရတာကို အများကြီးဂုဏ်ယူမိကြောင်း ပဏာမပြောကြားလိုပါတယ်။

Friday, 23 September 2011

ကမ္ဘောဒီးယားတွင် တွေ့ရှိခဲ့သော မြန်မာစေတီတစ်ဆူနှင့် ကွင်းဆက် ပျောက်ဆုံးနေသော မျိုးနွယ်စုတစ်ခု

(First Eleven Media website မှ ကူးယူပါသည်။)

၂၀၁၀ပြည့်နှစ် ဇွန်လ။ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော ဦးပြုံးမောင်မောင်နှင့် အဖွဲ့က မြန်မာလူမျိုး တစ်ဦးမျှမရှိသော အရပ်ဒေသ၌ မြန်မာစေတီတစ်ဆူကို တွေ့ ရှိခဲ့ကြပါသည်။ ထိုဒေသမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားရောက်ပါက အချိန်လေးနာရီ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမှ သွားရောက်ပါက အချိန်ခြောက်နာရီ ကြာမြင့်မည်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းဒေသ အနီး၌ ဖြစ်ပါသည်။

အောင်စူဠာမဏိစေတီ

စေတီ၏ ဘွဲ့အမည်မှာ အောင်စူဠာမဏိ(Aung Sular Mani Stupa) ဖြစ်ပါသည်။ ကမ္ဘောဒီးယား လူမျိုးများက အောင်ချူဠာမဏိဟု ခေါ်ဆိုကြပါသည်။ အမြင့်ပေ ၁၀၀ ခန့်ရှိသော ကုန်းတော်ထက်တွင် စေတီ ကိုတည်ထားပြီး ဥာဏ်တော်အမြင့် မှာ ပေခြောက်ဆယ်ခန့် ရှိပါသည်။

Thursday, 22 September 2011

အားလပ်ရက် (၂)

စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။

ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။

Wednesday, 14 September 2011

အပန်းဖြေနားရက်များ-၁

(ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးပါ။ ဖေ့စ်ဘုတ်မှာ စာစီပြီး မျှထားတာတွေ့လို့ ကူးယူပါတယ်။)

ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး

(အနှစ် ၂၀ ကျော်အတွင်း ပြည်တွင်းမီဒီယာမှာ ပထမဆုံး ဖော်ပြခွင့်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖြစ်ပါတယ်။ The Messenger ဂျာနယ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကူးယူပါတယ်။ အခုနောက်ဆုံး သိရတဲ့ သတင်းများအရ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးပါပြီးနောက် The Messenger News Journal ဂျာနယ်ကို စာပေစိစစ်က နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နဲ့ မျက်နှာဖုံးမှာ နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ပိတ်ပင်လိုက်ကြောင်း သတင်းဆိုးကို ကြားသိရပါကြောင်း ...)

ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

Monday, 12 September 2011

Letter from Burma: Holiday (2)

People visit a golden stupa in Yangon, Myanmar. (Mainichi)Bagan Hotel (Riverview) truly does provide a magnificent view of the Irrawaddy flowing lazily along the western boundary of the lush grounds. Although well into the monsoon season, there was just one fleeting shower (the merest drizzle, really) during the four days we spent in Pagan and every evening we enjoyed the splendid sunsets for which the ancient capital is famous. From the verandah of our bungalow we would watch the red disc slide down at a regal pace, tinting the sky with impossible vermilions and oranges and yellows and lighting up fantastic cloud profiles before sinking behind the mauve and indigo hills that smudged the opposite bank of the river. It was a travel brochure photograph come to life.

Letter from Burma: Holiday (1)

For many years now, holidays for me have been memory snapshots of past events, vivid but distant.

The Himalayas: riding up and up a mountain path through lichen festooned forests on the back of a stately mule with seductively long lashes; sitting down on a grassy slope looking down at misty, shadowy lands, eating a lunch of hard boiled eggs and parched rice; wandering from Buddhist monasteries to Hindu temples in Kathmandu, then ending up in a small coffee shop famous for its American brownies; shooting the rapids on a raft; sighting a tiger from the back of an elephant while munching sour Indian gooseberries plucked from wild bushes; watching an enactment of the dance of death performed with mesmerizing slow steps by Tibetan monks in the North East Frontier Area of India. In a schloss overlooking a Swiss lake, enjoying delicious food of which the daily highlight was homemade rosehip jam for tea. On a canal boat meandering along the waterways of England, family dog perched on the roof, surveying the green views with absolute serenity. Camping on the empty sands of Tiree with the wide Scots gray ocean stretching away to where a few seals played.

Thursday, 8 September 2011

ကုန်းဘောင်မင်းဆက်ဟု ဆိုသော သမ္မတဟောင်း ဦးဘဦး

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရသော အခါ သမ္မတ ဖြစ်သူမှာ ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက် ဖြစ်သည်။ သို့သော် စ၀်ရွှေသိုက်ကို ယာယီ သမ္မတ ဟုသာ ဆိုကြသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ထားသဖြင့် ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပပြီးသော အခါ လွှတ်တော်ခေါ်သည်။ နိုင်ငံတော် သမ္မတ ရွေးချယ်ရန် ဖြစ်၏။ ဦးဘဦးကို မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ

ဆန်ရေစပါးနှင့် သယံဇာတ မျိုးစုံပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းကာ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှ စစ်ပုလိပ်တို့၏ ဖမ်းဆီး အကျဉ်းချခံခဲ့ရသည့် ပုဂ္ဂိုလ်ကို မြန်မာတို့ မမေ့လောက်သေးဟု ထင်သည်။ ထို ပုဂ္ဂိုလ်မှာ နိုင်ငံရေး နယ်ပယ်မှ မဟုတ်၊ သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်တပါး ဖြစ်သည်။

ထို ပုဂ္ဂိုလ်သည် မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်း အာဇာနည် ဖြစ်သည်။ အထူး သဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်ကို မှတ်မိကြမည် ထင်ပါသည်။ ထိုအာဇာနည် အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်သည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဖြစ်သည်။

သမိုင်းတကွေ့မှ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို

သန်းဝင်းလှိုင်
စက်တင်ဘာ ၆၊ ၂၀၁၁

ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းကာလတို့၌ ထင်ရှားခဲ့သောပုဂ္ဂိုလ်မှာ နောင်တွင် အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်လာသည့် ဒီးဒုတ်ဦးဘချိုပင်ဖြစ်သည်။ ဆရာချိုသည် မြန်မာ့နိုင်ငံရေး၊ စာပေလောက၊ ဂီတလောကတို့တွင် ရှေ့ဆောင်တဦးဖြစ်သလို လောကီပညာ အင်းအိုင်စမဗေဒင်နက္ခတ်နှင့် ဆေးပညာတို့တွင် ထဲထဲဝင်ဝင် တတ်သိနားလည်သည့်စွယ်စုံရပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။

Friday, 2 September 2011

ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်

(မှတ်ချက်။ ။ ပို့စ်ဟောင်းတစ်ခုပါပဲ။ ဒါပေမယ့် မဟောင်းပါဘူး။ ကောင်းနေဆဲပါပဲ။)

မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် ၂၇ မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေကတဆင့် ဖတ်လိုက်မိတယ်။

အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခုအောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ်အောက်မှာ ကိုယ်တို့လိုလူတွေအတွက် ဒီလောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုးပါလာမယ်လို့ ထင်စရာအကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက်တော့ ဗမာလူမျိုးတွေ အတော်စိတ်ဝင်စား တဲ့ အမျိုးသမီးတယောက်အကြောင်း ဖြစ်နေတယ်။

(ကနောင်မင်းရဲ့ မြစ်တော် ရတနာနတ်မယ် (LIFE မဂ္ဂဇင်းက ၁၉၅ဝ တွင် ရိုက်ကူးထားသောပုံ)