Saturday, 11 October 2014

လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရွာ တပ်ဦးကျောင်းရှေ့တွင် ယနေ့ ၁၁-၁၀-၂၀၁၄ တွင် ယာဉ်တိုက်မှု့ဖြစ်၊ ၄-ယောက်သေ

၁၁- ၁၀ -၂၀၁၄ (စနေနေ့) နံနက် ၅း၀၀ ခန့် က လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရွာ တပ်ဦးကျောင်း အနီး၊ ရန်ကုန် မန္တလေး လမ်းပေါ်တွင် ခွေးဘီးလူး ထရတ်ကားငယ် (ဟိုက်ဂျက် ယာဉ်)သည် ရပ်ထားသည့် တွဲကား ယာဉ် အား ဝင်တိုက် မှု့ ဖြစ် ပွား ခဲ့ပါသည် ။

အခင်းဖြစ်နေရာ သို့ လှည်းကူးမြို့နယ် ကြက်ခြေနီ လူနာတင်ယာဉ် နှင့် ကရုဏာရှင် အသင်း လူနာတင် ယာဉ် တို့ ဖြင့် အရေးပေါ် လူနာများ အား လှည်းကူးဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ပါသည် ။

ထိုမှ တဆင့် အရေးပေါ် လွှဲပြောင်း ကုသခံ ယူရန် လိုအပ်သည့် လူနာများ အား လည်းကောင်း လူနာတင်ယာဉ် နှစ် စီး ဖြင့် ရန်ကုန် ဆေးရုံကြီး သို့ ပိုဆောင်ပေး ခဲ့ ပါသည် ။

အခင်းဖြစ်နေရာ တွင်ကွယ်လွန်သော အမျိုသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး အား ကရုဏာရှင် အသင်း နာရေး ကူညီမှု့ အခမဲ့ နိဗ္ဗာန်ယာဉ် ဖြင့် လှည်းကူးဆေးရုံ မော်ကျူရီ သို့ ပို့ ဆောင်ပေးခဲ့ ပါသည် ။

ထပ်မံ၍ လှည်းကူး ဆေရုံ ၌ အမျိုးသား တစ် ဦး ရန်ကုန်ဆေးရုံ ၌ အမျိုးသား လူနာ တစ်ဦး ကွယ်လွန် ကြောင်း သိရှိရ ပါသည် ။

ထိုကြောင့် ယနေ့ယာဉ်တိုက်မှု့ကြောင့် အမျိုးသား (၃) နှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၄)ဦးသေဆုံးသွားကြောင်း သတင်းရရှိပါသည်။













Wednesday, 1 October 2014

တနေ့တည်း လူနာ (၅) ယောက်တို့ကို ဆေးရုံအသီးသီးသို့ လှည်းကူး ကရုဏာရှင်မှ အသင်းပိုင် လူနာတင်ယာဉ်ဖြင့် အခမဲ့ ပို့ဆောင်ကူညီ

၃၀ -၉ -၂၀၁၄ အင်္ဂါနေ့
၁ ။ နံနက် ၈း ၄၅ နာရီခန့် မင်းကုန်း မှ မွေးလူနာ တစ်ဦး အား အင်းစိန်ဆေးရုံကြီး သို့ ပို့ဆောင် ။
၂ ။ နေ့လည် ၁၂း ၀၀ ခန့် က မြို့မရပ်ကွက် နှင်းဆီ လမ်း မှ အသည်းခြောက် ဝေဒနာ ခံစားနေရသော အမျိုးသား တစ်ဦးအား လှည်းကူးဆေးရုံသို့ အရေးပေါ် ပို့ဆောင် ။ ထိုမှတဆင့် ထပ်မံ လွှဲပြောင်း ကုသရန် အင်စိန်ဆေးရုံကြီး သို့ အရေးပေါ် ပို့ဆောင် ပေးခဲ့ ပါသည် ။
၃ ။ နေ့လည် ၂း ၃၀ နာရီခန့် က ရိပ်သာရပ်ကွက် ရုံးဟောင်းလမ်း အတွင်းပိုင်း မေဃဝတီ ၁ လမ်း မှ အသက် ၁၇ နှစ် အရွယ် အမျိုးသား လူနာတစ်ဦး သတိလစ်နေ၍ လှည်းကူးဆေးရုံ သို့ အရေးပေါ် ပို့ဆောင် ။
ထိုမှ တဆင့် ထပ်မံ ၍ လွှဲပြောင်းကုသ ခံယူရန်အတွက် အင်းစိန်ဆေးရုံကြီး သို့ အရေးပေါ် ပို့ဆောင် ။
လည်းကောင်းလူနာ နှင့် အတူ ကလီထော် ကျေးရွာ မှ သွေးအန်ရောဂါ ဖြင့် အမျိုးသား တစ်ဦးအား အရေးပေါ် ပို့ဆောင်မှု့များ အား အခမဲ့ ကူညီပေး နိုင် ခဲ့ကြောင်း သိရပါသည် ။
လုပ်အားပေး နှင့် ယာဉ်မောင်း အဖွဲ့များ
၁ ။ ကို ဇော်မိုး
၂ ။ ကို ခင်မောင်ကျော်
၃ ။ ကို သူရမိုးဦး တို့ တာဝန်ယူ ကူညီ ဆောင်ရွက် ကုသိုလ်ပြု့ ခဲ့ ပါသည် ။
၃၀ -၉ -၂၀၁၄ နေ့ ည ၁၀း၄၅ ခန့် က အမျိုးသား လူနာတစ်ဦး အား အောင်ဆန်း အဆုတ်ရောဂါ အထူးကုဆေရုံ သို့ ပို့ဆောင် ပေးခဲ့ ပါသည် ။
ယာဉ်မောင်း လုပ်အားပေး များမှာ
၁။ ကိုအောင်အောင် နှင့်
၂။ ကိုမင်းစိုးမင်း တို့ ဖြစ်ပါသည် ။





Friday, 22 August 2014

ကွယ်လွန်သူ ဦးစိန်မောင် ( ငပိလုပ်ငန်း နှင့် စိန်ရတီ စတိုးဆိုင် ) အားရည်စူးပြီး သားသမီးများမှ အလှူငွေ ကျပ်-တစ်သိန်းနှင့် နှင့် ဆေးရုံသုံး ပစ္စည်းများ ( ခန့်မှန်းတန်ဘိုး ၆၉၀ ၀၀၀ ကျပ် ) အား ကရုဏာရှင်အသင်း (လှည်းကူး)သို့ ပေးအပ်လှူဒါန်း



၂၂ - -၂၀၁၄ (သောကြာနေ့ )နံက် လှည်းကူးမြို့ ဈေးကြီးရပ်ကွက် အနောက်မင်းလမ်းနေ ကွယ်လွန်သူ ဦးစိန်မောင် အားရည်စူး၍ ဦးစိန်မောင် ဒေါ်တင်နွဲ့ ( ငပိလုပ်ငန်း နှင့် စိန်ရတီ စတိုးဆိုင် ) သားသမီးများ မှ လှည်းကူးမြို့ ကရုဏာရှင် အသင်း သို့ အလှူငွေ တစ်သိန်းကျပ် နှင့် ဆေးရုံသုံး ပစ္စည်းများ ( ခန့်မှန်းတန်ဘိုး ၆၉၀ ၀၀၀ ကျပ် ) အား ပေးအပ်လှူဒါန်း ခဲ့ပါသည်

လှူဒါန်းသော ပစ္စည်းများမှာ
  ဆေးရုံသုံး လူနာကုတင် တစ်လုံး
နာတာရှည်လူနာများ အတွက် အိပ်ရာနာဖြစ်ခြင်းမှ ကာကွယ်သော လေမို့ယာ တစ်ခု
ဆေးရုံသုံး ခေါင်းအုန်း တစ်လုံး
လူနာသုံး ဘိုထိုင် တစ် စုံ
လူနာသုံး လေးချောင်းထောက် တစ်ခု နှင့်
လမ်းလျှောက် ဒုတ်ကောက် တစ်ချောင်း တို့ ဖြစ်ပါသည်

ယင်းပစ္စည်းများကို အသင်း တွင် လက်ရှိ အခမဲ့ ငှားရမ်း ပေးလျှက်ရှိ သော အောက်စီဂျင်အိုးများ လူနာသုံး ဝှီးချဲ လူနာသုံးချွဲစုပစက် စသည့် ပစ္စ ည်းများ နှင့် အတူ လိုအပ်သော လူနာများ သို့ အခမဲ့ ငှားရမ်း နိုင်ရန် ထိမ်းသိမ်း ထားရှိပါသည် လူမျိုး ဘာသာ ဆင်းရဲချမ်းသာ မရွေး လိုအပ်နေသော လူနာများ အတွက် အခမဲ့ ပို့ဆောင် ငှားရမ်း ပေးလျှက် ရှိပါသည်



လှည်းကူးမှာ ဓမ္မစေတီခေါင်းလောင်းစောင့် နဂါး ၀င်ပူးတယ်ဆိုတဲ့ ဖြစ်ရပ် (ဒီမိုကရေစီ တူဒေး)

လှည်းကူးမှာ ဓမ္မစေတီခေါင်းလောင်းစောင့် နဂါး ၀င်ပူးတယ်ဆိုတဲ့ ဖြစ်ရပ် (ဒီမိုကရေစီ တူဒေး) လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေတီခေါင်းလောင်းကို စောင့်ရှောက်နေသည်ဟုဆိုသောနဂါး ဝင်ပူးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို ===================================================== ငယ်ထွေး(ကလေး) ရန်ကုန်၊ ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ဆယ်ယူရန် ကြိုးစားနေသည်မှာ ၁၃ရက်တိုင်ရှိ လာခဲ့ပြီဖြစ်သည်။ ယင်းသို့ သာကေတမြို့နယ်အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံသည့်နေရာ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူအမြောက် အမြားရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော်ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူးသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 ယင်းဖြစ်ရပ်မှာ ခေါင်းလောင်း ကြီးကို စောင့်ရှောက်နေသည်ဟုဆို သော နဂါးမောင်နှမသုံးဖော်ထဲမှ တစ်ဦးက လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် သီတာအေး (၅)လမ်းတွင် နေထိုင်သည့် အမယ် အိုတစ်ဦး ဘုရားဝတ်ပြုဆုတောင်း နေချိန်တွင် နဂါး ဝင်ရောက်ပူးကပ် သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုအမယ်အို၏ အမည်မှာ ဒေါ် စိန်ကြည်ဖြစ်ပြီး အသက်၆၇နှစ်ရှိပြီ ဖြစ်သည်။ ဖြစ်ပွားပုံမှာ အမေအို ဒေါ်စိန်ကြည် သြဂုတ် ၂၁ရက်၊ နံနက် ၆နာရီ ဘုရားရှိခိုးချိန်တွင် ဓမ္မ စေတီခေါင်းလောင်းတော်ကြီးကို စောင့်ရှောက်နေကြသော နဂါးမောင် နှမသုံးဖော်မှ တစ်ဦးဖြစ်သည့် စော သိုက်ရွှေအမည်ရှိ နဂါးမက ဝင် ရောက်ပူးကပ်ခြင်းဖြစ်ကြောင်း သိရ သည်။

 ထိုသို့ အမယ်အို ဒေါ်စိန်ကြည် အား နဂါးမ စောသိုက်ရွှေ ဝင်ရောက် ပူးကပ်နေချိန်တွင် ပြောကြားချက်များ အရ ခေါင်းလောင်းကြီးကို စောင့် ရှောက်နေသော ယင်းတို့နဂါးမောင် နှမသုံးယောက်၏အပေါ်တွင် သြ ဂုတ် ၁၈ရက်မှ စတင်၍ သောင်တူး ဖော်နေသော သောင်တူးစက်ဖိထား သဖြင့် အမြန်ဆုံးဖယ်ရှားပေးရန် ငို ယိုတောင်းဆိုနေသည်ကို တွေ့ရ သည်။ ထိုအချိန်တွင် အမယ်အိုသည် ရှိုက်ကြီးတငင်ငိုကြွေး နေပြီး ပါးစပ် မှလည်း ''ငါတို့အပေါ်မှာ ပိနေတဲ့ သောင်တူးစက်ကြီးကို အမြန်ဆုံးရွှေ့ ပေးပါ။ ရွှေ့ပေးရင် ခေါင်းလောင်းကြီး ကို တွေ့မယ်'' ဟု ပြောကြားရင်း အမယ် အိုသည် နာကျင်သည်ဟု ပြောကြား ကာ သူ့ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် တွင် လူးလှိမ့်အော်ဟစ်နေတော့သည်။

ထိုသို့လူးလှိမ့်အော်ဟစ်နေရင်း က ''အရပ်ရှည်ရှည်နဲ့ ဘုန်းကြီးက ငါတို့သုံးယောက်ကိုချုပ်ထားတယ်။ ငါတို့တင်မကဘူး။ အဲဒီမှာရှိတဲ့သူ တွေအားလုံးကို ချုပ်ထားတာ''ဟု ပြောရင်းမှ ''ဘုန်းဘုန်း ဘာဖြစ်လို့ တပည့်တော်တို့ကို ချုပ်ထားရတာ လဲ''ဟု ငိုကြီးချက်မဖြင့် ပြောဆိုသည် ကို တွေ့ရသည်။ ထို့ပြင် ''သောင် တူးစက်ကိုလဲ ရွှေ့ပေး၊ ငါတို့မောင်နှ မကိုလည်း လွှတ်ပေး၊ မလုပ်ပေးဘူး ဆိုရင် ဘုန်းဘုန်းဆီကို ငါကိုယ်တိုင် နဂိုအလုံးအထည်ဖော်ပြပြီး လာမယ်။ ငါဒေါသထွက်ရင် မလွယ်ဘူးနော်။ တခြားလူတွေပါ ဒုက္ခရောက်ကုန် မယ်။ ငါတို့ကို ဖြေပေးပြီးရင် ခေါင်း လောင်းကြီး ဘယ်နေ့တွေ့မယ်ဆိုတာ ဘုန်းဘုန်းကို အိပ်မက်ပေးလိုက်မယ်။ ငါတို့ကို ချုပ်ထားတာကို ဖြေချင်ဖြေ မဖြေချင်နေ။ သူတို့လဲ ကြာမှာပဲ။ငါတို့ ဒီအတိုင်းသေသွားရင် ခေါင်း လောင်းကြီးကို နောက်ဘဝမှာလဲ ဆက်စောင့်ရှောက်မှာ'' ဟု ဒေါသတ ကြီး ရေရွတ်ပြောဆိုနေသည်ကိုတွေ့ ရသည်။

ယင်းအပြင် အမယ်အိုက ဆက် လက်၍ ''ခေါင်းလောင်းရှိတဲ့နေရာ ကို ဘုန်းဘုန်းပဲ မြင်ရတယ်။ ပြီး တော့ အခုလုပ်နေတဲ့ သိုက်ပွဲတွေ၊ ကန် တော့ပွဲတွေက မှားနေတယ်။ အကုန် လုံးအသစ်ပြန်လဲရမယ်။ ဒီလိုလဲပြီး မှ သင်တို့ လွတ်ရာကျွတ်ရာကို သွား နိုင်ပြီလို့ ပြောရမယ်။ အဲလိုကျမှ အစစအရာရာ အဆင်ပြေမယ်။ ငါ တို့ကိုသာ ဖြေပေးပါ၊ သူတို့လိုချင် တာ အကုန်ရမှာပဲ။ ငါတို့က ခေါင်း လောင်းကြီးကို စောင့်ရှောက်ဖို့ တာ ဝန်ပေးခံထားရတာ။ ခေါင်းလောင်း ကြီး ဆယ်ပြီးသွားရင် ကျိုက်ခေါက် ဘုရားကိုသွားပြီး ငါတို့အမျိုးတွေနဲ့ အတူ နောက်ဘုရားပွင့်ချိန်ကို သာ သနာပြုရင်းစောင့်ရမှာ''ဟု ပြော ကြားသည်ကို တွေ့ရသည်။ ယင်းနောက် ခေါင်းလောင်းကြီး အောင်မြင်စွာ ဆယ်ယူနိုင်ရေးအ တွက် '' ရေနဲ့ပဲ ထိပြီး၊ စနေ အရင် ဆုံးဆင်း၊ ပြီးတော့ ဗုဒ္ဓဟူးသားဆင်း၊ ပြီးတော့ ကြာသပတေးဆင်း ၊ အောင်ပြီ ဟေ့''ဟု အော်ဟစ်လူးလွန့်ရင်းက ''ဖိထားတာ ငါက နာတယ်''ဟု နာကျင်စွာ အော်ညည်းနေသည်ကို တွေ့ရသည်။

ထိုဖြစ်စဉ်များဖြစ်နေစဉ်အ တွင်း အမယ်အို၏ ပုံပန်းသဏ္ဌာန် မှာ လွန်စွာမောဟိုက်ပင်ပန်းနာကျင် ခံစားနေရသည်ကို တွေ့မြင်ရပြီး အမောပြေ ရေတိုက်ရာတွင် သာမန် လူတစ်ယောက် ရေသောက်သလို မ သောက်ဘဲ မြွေတစ်ကောင် (သို့မ ဟုတ်) နဂါးတစ်ကောင် ရေသောက်သ လိုမျိုး လျှာဖြင့်လျက်၍ သောက်နေ သည်ကို ထူးဆန်းစွာတွေ့မြင်ရသည်။ ထိုသို့ ရေသောက်နေစဉ်တွင် အမေအို၏ သားမက်ဖြစ်သူက ကာ ယကံရှင်မှာ ကျန်းမာရေးမကောင်း သဖြင့် ပြောချင်သည်များကို ပြော ၍ပြီးပါက ထွက်သွားပေးပါရန် တောင်းပန်သဖြင့် ရေသောက်ပြီးသည် နှင့် ချက်ချင်းပြန်ထွက်သွားသည်ကို တွေ့ရသည်။

ထိုအဖြစ်အပျက်နှင့်ပတ်သက် ၍ အမယ်အို ဒေါ်စိန်ကြည်က ပြန် လည်ပြောပြရာတွင် '' ဘုရားသောက် တော်ရေကပ်၊ ဘုရားရှိခိုးနေရင်းနဲ့ ကို မသိတော့တာ''ဟု နဂါးဝင်အပူး ခံရသည့်အခြေအနေကို ပြောပြသည်။ ထိုသို့ဖြစ်ပြီးနောက်ပိုင်း ''သိပ်နေမ ကောင်းတော့ဘူး။ ရင်ထဲ နေလို့မ ကောင်းတော့ဘူး''ဟု ပြောကာ ထို သို့ နောက်ထပ်ခဏခဏ နဂါးလာ ဝင်ပူးမည်ကို ကြောက်ရွံ့နေကြောင်း ပြောပြသည်။

 ယင်းဖြစ်စဉ်များ မဖြစ်ပေါ်မီ သြဂုတ်လ ၂ဝရက် ညနေပိုင်းအ ချိန်က နေအိမ်ရှေ့တွင် မြွေသုံးကောင် ကို အမယ်အိုက တွေ့မြင်ခဲ့ရကြောင်း ပြောပြသည်။ အမယ်အိုမှာ ပုံမှန်အား ဖြင့် ကိုယ်တိုင် လမ်းကောင်းကောင်း မလျှောက်နိုင်သဖြင့် လူတွဲ၍လျှောက် ရသည့်အနေအထားဖြစ်သည်။ သို့ရာ တွင် နဂါးဝင်အပူးခံရချိန်တွင် သန်သန် မာမာနှင့် လူးလှိမ့်လှုပ်ရှားနိုင်ပြီး စ ကားပြောပုံမှာလည်း လူသန်သန်မာမာ တစ်ဦးကဲ့သို့ ပြောဆိုနိုင်သည်ကို တွေ့ရသည်။

ထိုကဲ့သို့ပင် အမယ်အို၏ သမီး ဖြစ်သူ၏ အိမ်တွင်လည်း မြွေတစ် ကောင်က အိမ်အတွင်း လာရောက် ခွေနေသဖြင့် တုတ်ဖြင့်ခြောက်လှန့် မောင်းထုတ်သည့်တိုင် ထွက်မသွား သဖြင့် တုတ်ဖြင့်ကော်,မ၍ ဖယ်ထုတ် ပစ်ခဲ့ရသည့်ဖြစ်ရပ်တစ်ခု သြဂုတ် ၂ဝ ရက်မှာပင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ နဂါးအပူးခံရသည်ဆိုသော အမယ်အို ဒေါ်စိန်ကြည်သည် ဓမ္မ စေတီခေါင်းလောင်းတူးဖော်သည့် နေရာသို့ ရောက်ဖူးခြင်းလဲမရှိ၊ ခေါင်းလောင်းတူးဖော်မှုနှင့်လဲ ပတ် သက်ခြင်းမရှိ၊ ခေါင်းလောင်းနှင့် ပတ်သက်သည့်အကြောင်းအရာအ ချို့ကို နေ့စဉ်ထုတ်သတင်းစာများ တွင်ဖော်ပြထားသည်ကိုသာ ဖတ်ရှု ခြင်းသာရှိသည်။

ယင်းအခြေအနေ တွင် ခေါင်းလောင်းကိုစောင့်ရှောက် သည့် နဂါးဝင်ပူးသည်ဆိုသည်မှာ ထူးဆန်းသည့်ဖြစ်ရပ်တစ်ခုဖြစ် သည်။ လက်ရှိအချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းတူးဖော်ရာနေရာသို့ အိပ်မက်အရ လာရောက်လှူဒါန်း နေသူများလည်း ရှိနေကြောင်း သိ ရသည်။

 #Democracytoday


ရေကြီးမှု့ကြောင့် လယ်ပျက်စီးခဲ့ရသည့် လှည်းကူးလယ်သမားများအား ချေးငွေထုတ်ပေးမည်


Sunday, 17 August 2014

ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး)မှ စာအောင်သံဃာဆုနှင်းသဘင်နှင့် နှစ်ပတ်လည်အစည်းအဝေး ကျင်းပမည်


လှည်းကူးမှာ လယ်ဧက ၂ သောင်းကျော် ရေမြုပ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းက ရွာပေါင်း ၄၀ ကျော်လောက် ရေကြီးရေလျှံနေပြီး လယ်ဧကပေါင်း ၂၀၀၀၀ ကျော်လောက် ရေနစ်မြုပ်နေတယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ လယ်ယာမြေတွေ ပြန်လည်စိုက်ပျိုးလို့ရတဲ့အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဦးဖြိုးမင်းသိန်းက အခုလို ပြောပါတယ်။

"ရေနစ်နေတဲ့ စိုက်ဧကတွေပေါ့နော်၊ ဘယ်ရပ်ကွက်တွေမှာ နစ်နေသလဲ၊ ဘယ်လိုဖြစ်နေသလဲဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ စာရင်းကောက်ခံပါတယ်၊ ကျနော်တို့မြို့နယ်မှာ အုပ်စု ၅၇ အုပ်စုရှိတယ်၊ ၄၄ အုပ်စုလောက် ရေနစ်ခံနေရတယ်ပေါ့ဗျာ၊ အဲဒီအခြေအနေတွေပေါ်မှာ လယ်ဧကပေါင်း နှစ်သောင်းကျော်လောက် ရေနစ်နေတယ်၊ စိုက်ပျိုးရေး ပြန်လည်လုပ်နိုင်ဖို့ အကူအညီတွေပေးနိုင်ဖို့ ဒီရေနစ်ရေလျှံမှုနဲ့အတူ ပေါ်လာနိုင်တဲ့ ကူးစက်ရောဂါတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အထောက်အကူပြုနိုင်ဖို့အတွက်ပါ"

အကူအညီပေးနိုင်ဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လှည်းကူးမြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့တို့ဟာ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က အစည်းအဝေး လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလောက်က မိုးသည်းထန်စွာရွာသွန်းပြီး လှည်းကူးမြို့နယ်အတွင်းက ကျေးရွာအတော်များများမှာ ရေကြီးရေလျှံတာနေတာဖြစ်ပါတယ်။ လက်ရှိရွာတချို့မှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ရေပြန်မကျသေးတဲ့ရွာတွေလည်း ရှိနေသေးတာကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127